Part 2

741 11 0
                                    

သူကားတံခါးဖွင့်ပေးတော့ ဒါဒါလဲပြုံးပြပြီး အသင့်ဝင်ထိုင်လိုက်တယ်

(ရုပ်ကမဆိုးပါဘူး ဆရာဝန်လောင်းဆိုတော့ သန့်တော့သန့်သား ဒါပေမယ့် ငါမှယောက်ျားမလိုချင်သေးတာ ဟွန့်)

At Restaurant
👦"ဒါနဲ့ ဒါဒါဆိုတာ မမရဲ့ Nickname လား"

👸"အင်း ဟုတ်တယ် ဒါနဲ့မင်းနာမည်က, sorry နော် ကျောင်းက ကလေးတွေနာမည်လဲမှတ်ရတာ‌ဆိုတော့"

👦"ကျွန်တော့်နာမည် အားမာန်ပြည့်စုံပါဗျ ဟိုလေ ကျွန်တော့်ကို အားမနာပါနဲ့ မမပြောချင်တာရှိရင်ပြောပါဗျ"

👸"ဒါနဲ့မင်းအသက်က ဘယ်လောက်မို့လဲ မမလို့ခေါ်တော့ ကြားရတာတမျိုးလေး ဖြစ်နေလို့ပါ ရိုင်းသွားရင် sorryနော်"

👦"ကျွန်တော့်အသက်က၂၃ပါ မမထည့်စားလေ ဟင်းတွေအေးကုန်မယ်"

👸"မာန်လဲစားလေ ဟို မာန်လို့ပဲခေါ်မယ်နော် ပိုရင်းနှီးသွားအောင်လို့"

👦"ရပါတယ်ဗျ မမကြိုက်သလိုခေါ်ပါ"

After having dinner 🍽️

👸"မင်းမှာချစ်ရမယ့်သူရှိလား"

👦"အဟွတ် အဟွတ် ဗျာ.. မရှိပါဘူး"

👸"ရော့ ရေသောက်လိုက်ဦး"

သူရေသောက်နေတာ ခနစောင့်ပေးပြီးမှ

👸"တို့စကားတွေ ကွေ့ပတ်မပြောချင်ဘူး မာန်နဲ့တို့ ခုတွေ့တာက မိဘတွေစိတ်တိုင်းကျ မိတ်ဆွေအနေနဲ့ လာတွေ့ကြတာ ပြီးတော့ မာန်ကလူကောင်းတစ်ယောက်ဆိုတာ ဒါဒါသိတယ် မာန်ကဘာမှအပြစ်ပြောစရာမရှိပါဘူး"

ဒါဒါစကားပြောနေတာကို စိတ်ဝင်တစား‌ နားထောင်နေပုံရတာကြောင့် ရေလေးသောက်ပြီးစကားပြန်ဆက်လိုက်တယ်

👸"ဒါပေမယ့် ဒါဒါမာန်နဲ့ ခုလိုစကား‌ပြောနေရတာ ဘယ်လိုမှမနေဘူး ပြောရရင် ရင်မခုန်ဘူးပေါ့ကွာ ဒါဒါက ခုလို မိဘတွေဆန္ဒအတိုင်း လိုက်နေပေးတယ်ဆိုတာ သူတို့စိတ်ချမ်းသာစေချင်ရုံပါပဲ ဒါဒါက အမြန်လက်ထပ်ရမယ့်အရွယ်လဲမဟုတ်သေးတာမို့ ဒါဒါ့ကိုရင်ခုန်အောင် လုပ်နိုင်မယ့် ဒါဒါချစ်ရတဲ့သူနဲ့မှ လက်ထပ်ချင်တယ် ဒါဒါ့ကို နားလည်ပေးမယ်လို့လဲမျှော်လင့်ပါတယ်"

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now