Part 9

279 9 0
                                    

🌧️"ဟဲ့ ငါစာသွားသင်လိုက်ဦးမယ်"
🤴"အေး 'မ'က ဘယ်ချိန်ပြန်လာမှာလဲ"
🌧️"ငါပြန်လာတာနဲ့ ပြန်လာမှာ သူက၃ချိန်ဆက်"
🤴"ငါ့'မ'တော့ သနားပါတယ် ပင်ပန်းနေတော့မှာပဲ"
🌧️"အမြင်ကပ်အောင် မလုပ်နဲ့နော် မနေ့က တစ်ယောက်ထဲပြန်သွားရတာ အဲ့ကိစ္စကို ကျေးဇူးတင်"
🤴"နင့်ကိစ္စနဲ့နင်ပြန်သွားတာကို ငါကဘာကို ကျေးဇူးတင်ရမှာလဲ"
🌧️"သေလိုက်လေ ငါက နင်သူ့အိမ်ကို သိအောင် ရောက်ဖူးအောင်လို့ ကူညီပေးတာ"
🤴"ဪ... အဲ့လိုလား အဲ့တာဆိုလဲ ကျေးဇူး"
🌧️"ပြောတာကိုက‌ နောက်ကူညီချင်စရာ"

ခနကြာတော့ မိုးသာပြန်ရောက်လာတယ် ဒါဒါကပြန်ရောက်မလာ
🤴"ဟဲ့ 'မ'ကဘာလို့ပြန်မရောက်သေးတာလဲ စိတ်ပူလာပြီ"
🌧️"ဟဲ့ ကျောင်းထဲမှာ ဘာကိုစိတ်ပူတာတုန်း လုယက်မယ့်သူလဲမရှိ အပိုတွေသိပ်မလုပ်နဲ့နော်"
🤴"ငါကအရမ်းတွေ့ချင်နေတာကို"
🌧️"ခနစောင့် သူ့အိတ်ကျန်ခဲ့တယ် အရေးကြီးရင်တောင် သူ့အိတ်လာယူမှာမို့ မျက်နှာတော့ခနတွေ့ရလိမ့်မယ်"
🤴"ပြီးတာပဲ"
မိုးတစ်ယောက် ပြန်ဖို့ဘေးခုံက သူ့အိတ်ကိုထအယူ ခြေထောက်ခေါက်သွားတော့ စိုင်းက ထကူတွဲပေးလိုက်တယ် ထိုအချိန်...
👸"အဟမ်း sorry နော် ဒါဒါအိတ်လာယူတာ မိုးပြောတဲ့ မလာမဖြစ်လို့ဆိုတာဒါကြောင့်လား ထင်ပါတယ် တခုခုဆိုတာ စတာနော်"
အဲ့လိုပြောပြီး ဒါဒါက ရယ်ကျဲကျဲနဲ့ ထွက်သွားတော့တယ်

🤴"လုပ်ဦး ငါတို့၂ယောက်ကို အထင်လွဲသွားပြီ"
🌧️"ငါကဘာလုပ်ရမှာလဲ"
🤴"ရှင်းပြလိုက်လေ ဘာမှမဟုတ်ပါဘူး‌ဆိုတာကို"
🌧️"နင့်ဟာနင်ပြောလေဟာ တကယ်အာရုံပဲ သွားပြီ တာ့တာ"
မိုးကတော့ တမင်ညစ်ချင်တာကြောင့် ပြောချင်တာပြောပြီး ထွက်သွားလိုက်သည်
SZM's mind (သွားပြီ ငါက 'မ'ကိုလိုက်ပို့မယ်‌ဆိုပြီး စောင့်နေတာ ခုတော့ ဟိုဟာမမိုးကြောင့် ငါလေ.. တကယ်ပဲ"
စိုင်းစိတ်ဆိုးပြီး ကားပါကင်ကိုသာသွားလိုက်တော့သည်

At Parking 🅿️,
🤴"မ ကျွန်တော်လိုက်ပို့ပေးရမလား"
👸"ရပါတယ် ဒါဒါ့မှာဆိုင်ကယ်ပါတယ်"
🤴"ဪ.. ဟုတ် အဲ့တာဆို ကျွန်တော်တို့အအေးဆိုင်တစ်ခုမှာဝင်ထိုင်ရအောင်လေ 'မ'ကိုပြောစရာရှိလို့"
Dar Dar's mind (ဘာလဲဟ မိုးလစ်တာနဲ့ အဲ့လိုလုပ်တဲ့ လူကြီးလား ဒါဒါတို့တော့ ပေါက်ကရလူကိုရင်ခုန်လိုက်တာပဲ နင်လဲသာသေလိုက်ပါတော့ဟယ် မိုးသိလဲမကောင်းဘူး)
👸"ရပါတယ် သွားစရာရှိလို့"
SZM's mind (သွားပြီ သေချာတယ် 'မ'က တကယ်မိုးနဲ့အထင်လွဲသွားတာပဲ ကျစ်)
🤴"အဲ့တာ‌ဆိုလဲ ဖုန်းနံပါတ်လေးတချက်ပေးပါလား"
ဒါဒါက သူနဲ့တွေ့ဖို့ခေါ်တာကို အလိမ္မာနည်းနဲ့ရှောင်ထွက်ခဲ့ပေမယ့် ခုလို ဖုန်းနံပါတ်တောင်းတာထိကျတော့ စိတ်တိုလာတယ်
👸"ဒီမှာ မိုးနဲ့သာ အဆင်ပြေအောင်နေပါ ပြီးတော့ ကွယ်ရာရောက်တာနဲ့ မျက်နှာဖုံးကွာကျလာတာကတော့ မြင်လို့မကောင်းပါဘူးရှင် ကျွန်မသွားမလို့ လမ်းဖယ်ပေး"
🤴"မဟုတ်ဘူး ဟာ..."
သူမလေးပြောချင်ရာပြောပြီး ဆိုင်ကယ်ကို မတိုက်ရုံတမယ် မောင်းထွက်သွားတော့သည်

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now