Part 17

261 8 0
                                    

👥"တီချယ်... ပြောပါတော့"

ဒါဒါလဲ ကျောင်းသူကျောင်းသားတွေရဲ့ စကားသံကြောင့် သတိဝင်လာပြီး အံ့ဩသွားတဲ့ မျက်နှာကို ပြင်လိုက်ပြီး...

👸"သူကတော့... မြတ်ဘုန်းခန့်ပဲဖြစ်ပါတယ်....."
👥"ရေး.....👏👏👏"

မြတ်ဘုန်းခန့်လို့ ကြားတာနဲ့ အားလုံးက ထခုန်မတတ်ပျော်နေကြသည်။ အဘယ်ကြောင့်ဆိုသော် မြတ်ဘုန်းခန့်ဟာ မကြာသေးခင်ကမှ နာမည်ရလာတဲ့ ဆယ်လီ အဆိုတော်ပေါက်စလေးမို့ပါ

ဒါဒါလေးအံ့ဩသွားရတဲ့ အကြောင်းကတော့ သူကိုယ်တိုင်တွေ့ချင်နေတဲ့ celeကို ခုလိုပွဲမှာတွေ့ရတော့မှာဆိုတော့ မထင်မှတ်ထားလို့ပဲ ဖြစ်ပါတယ်။ ဒါဒါက ဆယ်လီတွေဆို သိပ်ပြီး အရူးမူးမဖြစ်တတ်ပေမယ့် သူcover ပြန်ဆိုထားတဲ့သီချင်းလေးကို ဒါဒါကြိုက်တာနဲ့ သူ့pageတွေ ဝင်ကြည့်ရင်းက သဘောကျသွားတာဖြစ်တယ်။

မကြာခင်မှာပဲ အရမ်းတွေ့ချင်နေတဲ့ မြတ်ဘုန်းခန့်ဟာ တီရှပ်နဲ့ဘောင်းဘီကို all black ဝတ်ဆင်ထားပြီး စင်ပေါ်ကို တက်လာခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ မိတ်ဆက်လိုက်တာနဲ့ Hall ခန်းတစ်ခုလုံး ပွင့်ထွက်မတတ် အော်ဟစ်အားပေးသံများနှင့် ပြည့်နှက်ဆူညံနေတော့သည်။

ခနအကြာမှာ သူဟာ သူCoverပြန်ဆိုထားတဲ့ "လူမသိသူမသိ" သီချင်းလေးကို စတင်သီဆိုလိုက်သည်။ သီချင်းရဲ့ အစမှာပင် သူ့ကိုအားပေးတဲ့ ကျောင်းသားကျောင်းသူများက တစ်ခန်းလုံးနီးပါး သံပြိုင်သီဆိုနေကြသည်။ ထိုသီချင်းကို လိုက်ပါညည်းဆိုနေသူထဲမှာ ဒါဒါလဲအပါအဝင်ဖြစ်သည်။

6 B.Eများ၏ နှုတ်ဆက်ပွဲအပြီးတွင် ဒါဒါသည် သူမရဲ့ Note ထဲမှာ မြတ်ဘုန်းခန့်ရဲ့ လက်မှတ်ပါအောင် ထိုးခိုင်းထားလိုက်သည်။ လက်မှတ်ထိုးခိုင်းပြီး ဓာတ်ပုံတွဲရိုက်ပြီးတာနဲ့ ဒါဒါလဲမိုးနဲ့အတူတူပြန်ဖို့အတွက် မိုးကားဆီကို သွားလိုက်သည်။

မိုးကားဆီကိုရောက်တော့ သူ့ကိုစောင့်နေတဲ့ မိုးကိုတွေ့တယ်။ မိုးက

🌧️"မမ တခါထဲအိမ်ပြန်မှာလား"
👸"အင်း ခုလိုပြင်ဆင်ထားတာနဲ့ အိမ်ပဲပြန်မှပေါ့"
🌧️"ဟုတ် မမ"

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now