Part 14

252 8 0
                                    

ဒါဒါအတွက် ဒီနေ့မနက်ခင်းကတော့ Alarm မြည်သံနဲ့အတူ နိုးထလာခဲ့ပါတယ်။ ဒါဒါ Alarmကိုပိတ်ပြီး ဖုန်းရဲ့ Dateနေရာလေးကို ကြည့်လိုက်တော့ 2/2တဲ့ ဒါဒါ့ရဲ့ မေမေ ဒါဒါ့ကို လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့နေ့၊ မေမေကိုယ်တိုင်ကတော့ ဒါဒါ့ကို‌မွေးပြီးမှ ကျန်းမာရေးပိုချူချာလာပြီး ဒါဒါတစ်နှစ်မပြည့်ခင်မှာပဲ ဆုံးပါးသွားခဲ့တာဟာ ဒါဒါ့ကို အပြစ်မကင်းသလို ခံစားမိစေပါတယ်။

အတိတ်တွေကို ပြန်မတွေးမိအောင် ကြိုးစားရင်း ရေချိုးဖို့ ရေချိုးခန်းထဲဝင်လိုက်ပါတော့တယ်။ ရေချိုးပြီးတာနဲ့ အဝတ်ဝတ်ဖို့ ဘီဒိုကိုအဖွင့် ခေါင်းထဲမှာ တန်းပေါ်လာတာဟာ ဘယ်သူမှန်းမသိတဲ့ သူတစ်ယောက်ကပေးထားတဲ့ ဒါဒါ့အတွက် လက်ဆောင်ဝမ်းဆက် ဒါဒါမဝတ်ရင်ကောင်းမလားလို့ လုံးဝမစဉ်းစားမိပါဘူး ဘာလို့ဆို သူကဝတ်စေချင်လို့ မှာပေးထားတာပဲ ပြီးတော့ ဒါဒါကိုယ်တိုင်လဲ ထိုဝမ်းဆက်ကို ဝတ်ချင်တာမို့ ချက်ချင်းပဲ အဲ့ဝမ်းဆက်ကို ဝတ်လိုက်တယ်။ ဝတ်ပြီးတော့ မျက်နှာကို သူပေးတဲ့နှုတ်ခမ်းနီနဲ့ ဒီကြားထဲပေးထားတဲ့ makeup setနဲ့ ကြည့်ကောင်းအောင် ပြင်ဆင်လိုက်ကာ Charlie White Perfume ကို လက်ကောက်ဝတ်နားဆွတ်ပြီး လည်ဂုတ်နဲ့ Coller Boneနားလေးကို တို့လိုက်တယ်။ ပြီးတော့ သူပဲထပ်ပေးခဲ့တဲ့ အဖြူရောင် short slim bag လေးကို မမေ့မလျော့ ယူပြီး မှန်တင်ခုံအောက်မှာ သီးသန့်ထားထားတဲ့ အဖြူရောင် ဒေါက်အပါးလေးကို စီးလိုက်တာနဲ့ ဒါဒါဟာ မြင်နေရတဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ လုံးဝကြည့်လို့ကောင်းနေတော့တယ်။

ဒီကြားထဲသူဟာ လေးခေါက်တိတိ ထပ်ပြီး ‌Food Boxထဲမှာ ရေမွှေးတစ်ခေါက် ဖိနပ်တစ်ခေါက် Makeup setတစ်ခေါက်နဲ့ slim bag အိတ်တစ်ခေါက် ၄ခေါက်တိတိ ထပ်ပို့ပေးလာတယ်။ ပို့ပေးတဲ့ တစ်လျှောက်လုံးလဲ သူဘယ်သူဆိုတာ လုံးဝမသိစေရ။ ဒီလိုမျိုး လျှို့ဝှက်လွန်းပြီး ရင်ခုန်သံကို နှိုးဆွပေးတဲ့ သူ့ကို ဒီနေ့မြင်ရတော့မှာမို့ ပိုပြီး ရင်ခုန်နေရပါတယ်။ စိုင်းကိုအနီးကပ်မြင်တုန်းက ဖြစ်ခဲ့သလို အမျိုးအမည်မသိတဲ့ ရင်ခုန်သံမျိုးဖြစ်ပေါ်နေတယ်။

👸"ဖေဖေ ဒါဒါ့မွေးနေ့မလို့ ဖေဖေ့ကိုကန်တော့ပြီး ဘုရားသွားလိုက်ဦးမယ်နော် ပြီးရင် မိုးကိုမုန့်လိုက်ကျွေးလိုက်ဦးမယ် ညနေလောက်တော့ရောက်မယ်ဖေဖေ"
👴"အေးသွားလေသမီး ခုက ကန်တော့မလို့လား"
👸"ဟုတ် ‌တီစုကိုတော့ ဖေဖေ့ကိုကန်တော့ပြီးမှ သွားကန်တော့လိုက်မယ်"

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now