Part 12

265 8 0
                                    

ဒေါက်ဒေါက်
👱"ဒါဒါ ထတော့ ညနေ၄နာရီထိုးနေပြီ ဒါဒါ သမီး"
👸"အင်း....... ရှင် ၄နာရီဟုတ်လား တီစုရယ် ဘာလို့မနှိုးတာလဲ စိုင်းဆေးရုံဆင်းတာ သွားကြည့်ရပါမယ်ဆို"
👱"သမီး ထမင်းစားပြီး အိပ်ခါစတုန်းက သမီးဖုန်း၃ခါလောက်လာလို့ ကိုင်လိုက်တာ မောင်စိုင်းရဲ့ဖုန်း‌ဖြစ်နေတယ် သူကမလာပါနဲ့တော့တဲ့ သူသက်သာလို့ စောဆင်းလိုက်ပြီတဲ့ သတင်းမေးချင်ရင်တော့ မနက်ဖြန်ကျောင်းသွားရင်း ဝင်ခဲ့ပါတဲ့"
👸"ဪ.. ဟုတ် အဲ့တာ‌ဆို ညကျမှ ဒါဒါဖုန်းဆက်လိုက်ဦးမယ်"
👱"အေးအေး ရေလဲစောစောချိုးဦးနော်"
👸"ဟုတ်ကဲ့"

- - - - -

At evening,
HLY's mind (ကိုကိုက တီချယ့်ကို သဘောကျနေတာတော့ မဟုတ်လောက်ဘူးမလား တီချယ်က ကိုကို့ကိုသဘောကျလို့ ဆေးရုံစောင့်ပေးတာများလား အဲ့လိုလဲမဖြစ်နိုင်ပြန်ဘူး တီချယ့်ကြောင့် ကိုကိုဆေးရုံရောက်သွားတာမလား အဲ့တာကြောင့်ဖြစ်မှာပါ ကိုကိုရယ်... နှင်းကိုကို့ကို ချစ်နေတာ ကိုကိုသိစေချင်ပြီ ကိုကိုနှင်းအချစ်ကို တကယ်ပဲမမြင်တာလား ကိုကို့ဘက်က ညီမလေးထက်တကယ်မပိုဘူးလား ကိုကိုရယ်...)

အတွေးများက ဝမ်းနည်းလာရင်း အတိတ်ဆီသို့...

Flash Back

🧓"သမီး နှင်း ကိုကို့ကို ဗိုလ်မကျရဘူးနော် ကိုကိုက သမီးထက် အသက်အများကြီး ကြီးတယ် သမီးက အငယ်မို့ ကိုကိုက ဘာမှပြန်ပြောမှာမဟုတ်ဘူး ဒါပေမယ့် သမီးအရမ်းဆိုးလို့ရှိရင်တော့ ကိုကိုကဆူလိမ့်မယ် အဲ့ခါကျရင်လဲ ကိုကို့ကို ဘာမှပြန်မပြောရဘူးနော် ဟုတ်ကဲ့လို့ပြောပြီး စကားနားထောင်ရမယ် မာမီ့သမီးလေးက လိမ္မာပါတယ် နော်"

"ဟုတ်ကဲ့ မာမီ နှင်းက ကိုကို့ကိုချစ်ပါတယ် အဲ့တာကြောင့် ကိုကို့အပေါ်မဆိုးပါဘူး ပြီးတော့ နှင်းက လိမ္မာပါတယ် မာမီရဲ့"

🧓"အမလေး.. မာမီ့သမီးလေးက စကားတွေတတ်ပြီး ချစ်ဖို့ကောင်းနေလိုက်တာ လာပါဦး"
နှင်းလဲ မာမီ့အနားသွားလိုက်ပြီး မာမီ့ကိုဖက်လိုက်သည်

👧"မာမီ ဒယ်ဒီက သမီးကိုချစ်မှာမလားဟင်"
🧓"ချစ်မှာပေါ့သမီးရဲ့ ဒယ်ဒီက သမီးကိုချစ်လို့ မာမီနဲ့လက်ထပ်ခဲ့တာပေါ့"
👧"သမီးငယ်ငယ်တုန်းက ဒယ်ဒီကကောဟင်.."
နှင်းရဲ့အမေးကြောင့် ဒေါ်မြရတနာ မျက်လုံးများပင်ပြူးသွားရသည် ဘာလို့ဆို သမီးကတခါမှ သူ့ဒယ်ဒီအကြောင်းမမေးဖူးလို့ပင်..
🧓"သမီးဒယ်ဒီကလေ ဟိုး... ကောင်းကင်ပေါ်ကနေ သမီးလေးကို ကြည့်နေတာသမီးရဲ့ သမီးလေးက ဒယ်ဒီအရင်းကိုမပျော်စေချင်ဘူးလား"
ဒေါ်မြရတနာမှာ ပါးစပ်ကသာ မေးပြီး မျက်ဝန်းအိမ်ထဲမှာတော့ မျက်ရည်များ ဝဲနေပါသည်..
👧"ပျော်စေချင်ပါတယ် မာမီ"
🧓"အဲ့တာဆို သမီးလေးက ဒယ်ဒီ မာမီနဲ့ ကိုကို့စကားနားထောင်ပြီး ပျော်အောင်နေ ပညာတတ်ကြီးဖြစ်အောင်ကြိုးစားရမယ်နော် ပြီးတော့ သမီးဒယ်ဒီအရင်းကိစ္စကို ဒယ်ဒီနဲ့ကိုကို့ ရှေ့မှာမပြောရဘူးနော် နောက်ကိုလဲ သမီးဒယ်ဒီအရင်းကိစ္စကို ဘယ်သူ့ကိုမှမမေးနဲ့တော့နော်"
👧"ဟုတ်ကဲ့မာမီ"
၅နှစ်သမီးလေး နားလည်မလည်ကို ဒေါ်မြရတနာမစဉ်းစားတော့ဘဲ သူဖြစ်စေချင်သလိုသာ သမီးငယ်လေးကို ရှင်းပြလိုက်တော့သည်

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now