Part 18

266 4 0
                                    

တူ... တူ... တူ...

🤴"Hello 'မ' "
👸"စိုင်း ဒါဘာလုပ်တာလဲ
🤴"ဗျာ.. ကျွန်တော်ဘာလုပ်လို့လဲ"
👸"Express Car ticket ပေးတဲ့ကိစ္စလေ"
🤴"ဪ.. အဲ့တာလား ကျွန်တော်ဟိုတခေါက်က 'မ'တို့ကျောင်းပိတ်ရင် Tripထွက်မယ်လို့ ပြောထားတယ်လေ အဲ့တာကြောင့် ဘဝဆက်တိုင်း 'မ'နဲ့ဆုံဖို့ ဆုတောင်းလို့ရအောင် ပုဂံကိုသွားဖို့ စီစဉ်လိုက်တာ 'မ'က ပုဂံသွားတာ မကြိုက်လို့လား"

စိုင်းသိရက်နဲ့တမင်မေးလိုက်တယ် ဘာလို့ဆို နဂိုထဲက 'မ'သွားချင်တဲ့Tripကို မိုးဆီကတဆင့်စုံစမ်းပြီးထားတာလေ စိုင်းကတော့ သိရက်နဲ့မေးလိုက်တဲ့မေးခွန်းအတွက် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတဲ့ အပြုံးကြီးနဲ့ပြုံးပြီး 'မ'ရဲ့အသံကို နားထောင်နေလိုက်တယ်

ဒါဒါကတော့ စိုင်းရဲ့အပြောမှာ နေပူထဲကရေခဲတုံးလို အရည်တွေပျော်ကာ ပြုံးစိစိဖြစ်နေပါတော့တယ်

👸"မဟုတ်ပါဘူး ဒါပေမယ့် Express ကားနဲ့ဆိုတော့"
🤴"ဪ.. Flight နဲ့သွားချင်လို့လား"
👸"မဟုတ်ပါဘူး ဒါဒါက Express နဲ့သွားရင် ကားမူးတတ်လို့ပါ"
🤴"ဘာများလဲလို့ 'မ'ရယ်.. ကျွန်တော်ရှိတာပဲ အန်ချင်ရင်တောင် ကျွန်တော့်ပေါ်အန်ချလဲ စိတ်မဆိုးဘူး ကျွန်တော်အဆင်ပြေတယ်"
👸"ဟာ.. စိုင်းကလဲ အန်ချစရာလား ဒါဒါကအဲ့လောက်လဲ ကားမူးတာမဆိုးပါဘူး"
🤴"ဟုတ်ကဲ့ပါ အဲ့တာဆို 'မ'လိုက်မှာမလား ခုထဲကပြင်ထားတော့လေ မနက်ဖြန်မနက်၈နာရီဆိုတော့ ၇ခွဲလောက် 'မ'ကိုလာခေါ်မယ်လေ 'မ'ပြင်ချိန်ပိုရအောင် နောက်ဆုံးမှလာခေါ်မယ်နော် ညကျစောစောအိပ်နော် ခုထဲကထည့်ရမယ့်ပစ္စည်းတွေထည့်ထားနော် အများကြီးလဲမထည့်နဲ့နော် မနက်ကျရင်လဲ စောစောမထနဲ့နော် အိပ်ရေးပျက်မှာစိုးလို့"
👸"အင်းပါ ဆရာကြီးကျနေတာပဲ"
🤴"ကျွန်တော်က ချစ်လို့ဂရုစိုက်ပေးတာပါ ဘာလဲ ကျွန်တော် 'မ'ကိုကားတင်ပြေးမှာစိုးလို့လား"
👸စိုင်း ဘာတွေပြောနေတာလဲ ဆရာလုပ်နေလို့ပြောတာကို တော်ပြီဖုန်းချလိုက်တော့မယ်"

ဒါဒါတစ်ယောက် ရှက်သွားပြီး ဖုန်းချကာ ပြုံးနေတော့သည်။ သွားချင်တဲ့ပုဂံကို သွားရတော့မှာမလို့ ပျော်နေတာလား။ သိပ်ချစ်နေရတဲ့သူနဲ့ ခရီးတူတူသွားရမှာမလို့ပျော်တာလားဆိုတာ ဒါဒါကိုယ်တိုင်ဝေခွဲလို့မရပါ။

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now