Part 13

248 10 2
                                    

👱‍♀️"ဟဲလို နှင်း ဖြေနိုင်လား"
👧"ဒါပေါ့ ဘယ်သူမို့လို့လဲ နှင်းလဲ့ရည်ပဲလေ"
👱‍♀️"အေးပါဟယ် ဒါနဲ့ ဒီနေ့ပျော်ရဲ့လား ငါတွေ့လိုက်ပါတယ်"
👧"ပျော်တာပေါ့ဟဲ့ လျှောက်လည်ရတာပဲ ပြီးတော့ ငါစာမေးပွဲပြီးရင် ကြည့်မယ်အားခဲထားတဲ့ K.drama လေးလဲကြည့်ခဲ့ရတယ်လေ"
👱‍♀️"ငါနင့်ကိုမေးမယ် နင်စိတ်မဆိုးနဲ့နော်"
👧"ထူးထူးဆန်းဆန်းပါလား မေးမေး မဆိုးဘူး"
👱‍♀️"ဟိုလေ နင် နင့်ကိုကို ကိုဘယ်လိုမြင်လဲ"
👧"ဟားဟား စိတ်ဆိုးစရာများလားလို့ အသေအချာ နားထောင်လိုက်ရတာ ငါ့အစ်ကိုလို့မြင်တာပေါ့ဟဲ့"
👱‍♀️"တကယ်ပဲ အစ်ကိုလို့မြင်တာလား"
👧"ဘာလဲ မမလို့မြင်ရမှာလား ဟားဟား"
👱‍♀️"ဟဲ့ မဟုတ်ဘူးလေဟယ် ငါပြောတာက..."
👧"လမင်းကဗျာ ‌ဘာပြောချင်တာလဲဟာ နင့်ကိုနားမလည်တော့ဘူး ဘာလဲနင်ကြိုက်နေလို့လား"
👱‍♀️"မဟုတ်ပါဘူးဟ ဟိုလေဟာ... နင်နဲ့နင့်ကိုကိုနဲ့က ဘာမှမတော်ဘူးလေ ပြီးတော့ တစ်အိမ်ထဲနေလာတာ နင်၅နှစ်သမီးထဲက အဲ့တာကြောင့် နင့်ကိုကိုအပေါ်ကို နင်ဘာစိတ်မှမဖြစ်ဘူးလားလို့ မေးတာ ငါမေးတာ စိတ်မဆိုးပါနဲ့နော်"
👧" ---- "

နှင်းကတော့ က‌ဗျာပြောမှ စဉ်းစားလိုက်ပြီး...

👱‍♀️"နှင်း နင်စိတ်ဆိုးသွားတာလား.."

က‌ဗျာလဲ ‌မေးပြီးမှ စိတ်ဆိုးသွားပြီလားလို့ တွေးမိပြီး လန့်နေတော့သည်

👧"မဆိုးပါဘူး ဒီတိုင်းတွေးမိသွားလို့ပါ ငါကိုကို့အပေါ် ထားတဲ့ခံစားချက်ကို ဝေဖန်ပိုင်းခြားဦးမှာမို့ ဖုန်းချလိုက်ပြီနော်"
👱‍♀️"အေးအေး"

နှင်းလဲ ကဗျာပြောမှ ကိုကိုသူ့အပေါ်ဂရုစိုက်ပေးခဲ့တာတွေ အလိုလိုက်ပေးခဲ့တာတွေ မေမေဆူတိုင်း အရှေ့ကကာပေးခဲ့တာတွေ ပြန်တွေးမိတော့ ကိုကို့အပေါ်  ခံစားချက်တစ်မျိုး ပြောင်းသွားသလိုပင်။ ပြီးတော့ ကိုကိုက Uni မှာလဲ Kingတစ်ယောက် ဖြစ်ခဲ့ဖူးသည်အထိ ရုပ်ရည်မှာလဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်။ ထို့အပြင် ကိုကိုဟာ ခုချိန်ထိ ရည်းစားထားဖူးသည်ဟု တခါမှမကြားဖူးပေ။ ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ နှင်း ထိုနေ့မှစ၍ နေ့တိုင်းနီးပါး ကိုကို့ကို သာမန်ထက်ပိုသော အကြည့်မျိုးဖြင့် ကြည့်မိနေတော့သည်။ ထိုနေ့ကစ၍ နှင်းကိုကို့ကိုစိတ်ဝင်စားသွားတာဖြစ်မည်ဟု နှင်းထင်ပါသည်။

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံOnde as histórias ganham vida. Descobre agora