Part 15

256 6 0
                                    

စိုင်းဟာ အဖြူရောင်နှင်းဆီပွင့် ၁၅၀နဲ့ မြင်သူငေးအောင် လှပစွာစည်းနှောင်ထားတဲ့ ပန်းစည်းကြီးကို ဘုရားအောက်က ဂေါပကတို့ဆီမှာ ထားခဲ့တာဖြစ်ပြီး လက်ကယူလာတဲ့ ကတ္တီပါဘူးအနီကို အိတ်ကပ်ထဲထည့်ကာ သူမြင်နေရတဲ့ သူ့ရဲ့ treasure လေးဆီကို ခပ်မတ်မတ်လေးလျှောက်သွားလိုက်သည်။ စိုင်းကိုမြင်တော့ မိုးက

🌧️"ဟယ် စိုင်း နင်ဒီကိုဘာလာလုပ်တာလဲ"

အရိပ်အကဲမသိသော မိုးကတော့ စပြီးနှောက်လိုက်ပါပြီ။

🤴"ဘုရားလာတာပဲ ကိစ္စရှိမှလာရမှာလား"
🌧️"ဟမ်. အေးပါ အဲ့လိုမဟုတ်ပါဘူး ဒီတိုင်းမေးတာပါ"
👸"စိုင်း ဘုရားလာတာလား အဖော်ကောမပါဘူးလား"
🤴"မပါဘူး ဒါနဲ့ မမ Happy birthday နော် ဆန္ဒမှန်သမျှပြည့်ဝအောင် ဖြည့်‌စည်းပေးပြီး အန္တရာယ်ကို ကာကွယ်ပေးမယ့်သူနဲ့ တွေ့ဆုံပြီး ထိုသူနဲ့ပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းနိုင်ပါစေနော်"
(သူ့ကိုယ်သူ‌ပြောနေတာ သူလုပ်ပေးမှာကျလို့)
👸"ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့် ဆုတောင်းပြီးသွားပြီဆိုတော့ မုန့်ကျွေးရတော့မှာပေါ့နော်"

မျက်နှာကို ခပ်မဲ့မဲ့လေးလုပ်ကာ ပြောလာသောသူမလေးကို စိုင်းကတော့ ကြည့်နေရင်း အတော်အသည်းယားလာပြီဖြစ်သည်။

🤴"ရပါတယ်ဗျာ ကျွေးမယ်‌ဆိုလဲ အားနာနာနဲ့လိုက်စားပါမယ်"
👸"ဟား. ဟား..."

'မ'ရဲ့မျက်လုံးများ မှိတ်သွားသည်ထိ ရီမောနေလေသည်။
၃ယောက်သားဘုရားကို တစ်ပတ်ပတ်ပြီး ဂေါပကဆီမှာ ဒါဒါက မွေးနေ့အလှူအဖြစ် ငွေသားအချို့လှူလိုက်သည်။ ဒါဒါလှူပြီး ကားပါကင်နားအရောက်

🤴"မမ ကျွန်တော်ဖုန်းပြောချင်လို့ ခနစောင့်ပေးပါလား ကားမပါလို့ မမနဲ့လိုက်ချင်လို့ ကျွန်တော်မောင်းပါမယ်"
👸"အင်း အဲ့ဆိုလဲကားပေါ်ကနေ စောင့်နေမယ်နော်"

စိုင်းက ခေါင်းပဲငြိမ့်ပြလိုက်တယ်။ စိုင်းခေါင်းငြိမ့်ပြလိုက်တာနဲ့ ဒါဒါလဲ ကားဆီကိုသွားလိုက်တယ်။
ခနအကြာမှာတော့...

🤴"‌sorry နော် ကျွန်တော်ကြောင့် နောက်ကျသွားတယ် ဘယ်ကိုလိုက်ပို့ပေးရမလဲမမ"
👸"‌King Coffee shop ကိုပဲမောင်းလိုက်လေ"
🤴"ဟုတ်ကဲ့ဗျ"

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now