Part 21

323 6 0
                                    

စိုင်းကတော့ နှစ်ယောက်ထဲ ဆိုင်ကယ်စီးနေစဉ် 'မ'ကလဲ ဖက်ထားတာမို့ 'မ'ရဲ့ဖက်ထားတဲ့လက်ကို တစ်ဖက်ကကိုင်ကာ

🤴" 'မ' သေချာကိုင်ထားနော် လမ်းကအရမ်းကြမ်းတယ်"
👸"အင်းပါ လက်ကိုင်ကိုသာကိုင်ပါ တော်ကြာ လဲကျသွားမှဖြင့်"
🤴"ဟုတ်ကဲ့ပါ 'မ'ရယ် အဲ့လောက်လဲမကြောက်ပါနဲ့ ကျွန်တော်ရှိတယ်"

ဒါဒါလဲ ဘာမှမပြောတော့ဘဲ စိုင်းရဲ့ခါးကိုဖက်ကာ သွားနေတဲ့လမ်းကိုပဲ ကြည့်လိုက်တော့သည်။

တကယ်တော့ စိုင်းက လမ်းကြမ်းတဲ့လမ်းကို တမင်မောင်းလာတာဖြစ်သည်။ ဟိုဘက်က လမ်းမကြီးလမ်းကောင်းမှန်းသိသော်လည်း 'မ'က ကြောက်မှ ခါးကိုဖက်မယ်ဆိုတာသိလို့ 'မ'ရဲ့နူးညံ့တဲ့လက်ကလေးနဲ့ ခါးဖက်တာခံချင်တာနဲ့ တမင်လမ်းကြမ်းကိုမောင်းနေခြင်းဖြစ်သည်။

အချိန်အနည်း‌ငယ်လောက် လမ်းကြမ်းမောင်းပြီးတဲ့နောက်မှာ မှောင်နေပြီဖြစ်တာကြောင့် စိုင်း လမ်းကောင်းဘက်ကိုကွေ့ကာ ဟိုတယ်သို့ ပြန်လိုက်ပါတော့သည်။

— — — — —

At Hotel,

👸"မိုးရယ်.. လမ်းကကြမ်းလိုက်တာ"

🌧️"ဟင် မမ ထမင်းသွားဝယ်တာ မဟုတ်ဘူးလား"
👸"မဟုတ်ပါဘူး ပြန်လာတာလေ မိုးတို့က ရောက်နှင့်နေတာလား"

🌧️️"ဟုတ်တယ်လေ 'မ'ရဲ့ ပြင်တာက 'မ'တို့ထွက်ပြီး ၃မိနစ်၄မိနစ်လောက်ပဲကြာတာ မိုးတို့က ရောက်တာ၁၀မိနစ်လောက်ရှိနေပြီ မမတို့ ထမင်းသွားဝယ်တယ်တောင်ထင်တာ
👸"မဟုတ်ပါဘူးမိုးရဲ့"

ဒါဒါလဲ မိုးကိုပြန်ဖြေပြီးမှ စိုင်းကိုကြည့်တော့ စိုင်းက မျက်နှာငယ်လေးနဲ့ တစ်ခုခုကို ကြောက်နေတဲ့ပုံစံမျိုး ဖြစ်နေတာကြောင့် ဒါဒါစဉ်းစားမိတော့မှ သဘောပေါက်သွားကာ သူ့ကိုမျက်စောင်းထိုးကာ ဟိုတယ်ခန်းထဲ ဝင်သွားလိုက်တော့သည်။ စိုင်းလဲသူ့အပြစ်သူသိတာကြောင့် လိုက်မသွားဘဲ နေရာမှာပဲရပ်ကာ ဘယ်လိုချော့ရမလဲ စဉ်းစားနေလိုက်တော့သည်။

ဒါဒါကတော့ ဒီတစ်ညလုံး စိုင်းကို စိတ်ကောက်မယ်ဟု ဆုံးဖြတ်ထားကာ အခန်းထဲကမထွက်ဘဲ ညစာကိုလည်း မိုးနဲ့ပဲဝယ်ခိုင်းလိုက်သည်။

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now