Part 3

564 11 0
                                    

Ringtone🔔

🧒"Hello..."

🤴"ဘယ်သူလဲမသိဘူးဗျ"

🧒"ဟျောင့် မင်းအဖေငါ ခမ်းနားထည်ဝါ"

🤴"ဟာ..ကိုထည် မင်းကဘယ်လိုလုပ် မဟုတ်မှလွဲရော မင်းမြန်မာနိုင်ငံပြန်ရောက်နေတာတာတော့ မဟုတ်ပါဘူးနော်"

🧒"မင်းတော်လာပြီငါ့ညီ ငါခုပဲရောက်တယ် လေဆိပ်မှာ အဲ့တာလာကြိုဦး ဦးလေးအိမ်မှာပဲတည်းမယ် ဒါပဲ" တင်!

🤴"ကိုထည်.. ဟာ လုပ်ချလိုက်ပြီ အင်းတစ်နေ့တစ်လေနားမလို့ကို ကောင်းကောင်းမအိပ်ရဘူး ပြန်ရောက်မှ နားပူအောင် မီးပူတိုက်ပေးလိုက်ဦးမယ်"

စိုင်းလဲရေမိုးချိုးပြီး လေဆိပ်ကို အမြန်ပြေးရတော့တယ် ဖြစ်ချင်တော့ ဒီနေ့မှညီမလေးက သူအိပ်ရာထနောက်ကျပြီး ကျောင်းကားလွတ်သွားလို့ သူ့ကိုလိုက်ပို့‌ဖို့ပြောနေတော့ ကဲ...မထူးပါဘူးလေ လိုက်ပို့မယ်လို့ပြောကာထွက်လာခဲ့လိုက်တော့တယ်

🤴"ဒီနေ့ကိုထည်ပြန်ရောက်မှာမို့ အဲ့တာကိုကိုကလေဆိပ်သွားကြိုမို့ ညီမလေး အတန်းချိန်လိုသေးရင် ကိုကိုသူ့ကို အရင်သွားကြိုလို့ရလား"

👧"ရပါတယ် ကိုကိုရဲ့ ဒါနဲ့ ကိုထည်ဆိုတာ.."

🤴"ဪ ဟုတ်သားပဲ ညီမလေးမှမသိတာ ကိုကို့မေမေရဲ့တူ ကိုကို့ရဲ့တဝမ်းကွဲအစ်ကိုလေ"
ပြောပြီးပြုံးလိုက်တယ်

👧"ဪ.. ဟုတ်ဟုတ် ဟီး မသိလို့"
အဲ့လိုပြောပြီး ကားမှန်ကနေအပြင်ကိုလှမ်းကြည့်နေလိုက်တော့တယ်

At airport✈️

🤴"ညီမလေး‌ရောက်ပြီ ကား‌ပေါ်ကျန်ခဲ့မလား လိုက်ခဲ့မလား"
👧"ကျန်ခဲ့လိုက်မယ်လေ လူအများကြီးကြားထဲသွားရမှာမို့ မဆင်းချင်တော့လို့"
🤴"အဲ့တာဆို ရောက်တာနဲ့ မြန်မြန်ခေါ်ပြီး ပြန်ခဲ့မယ်နော်"
👧"ရပါတယ် ကိုကိုရဲ့ ကျောင်းချိန်ကလိုပါသေးတယ်"
စိုင်းလဲခေါင်းညိမ့်ပြပြီး လေဆိပ်ထဲဝင်လာတော့တယ်

🧒"မောင်စိုင်းဇွဲမာန်လားမသိဘူးဗျ"
လိုက်ရှာနေတုန်း နောက်ကအသံကြားလို့ လှည့်ကြည့်တော့...
🤴"ဟာ.. ကိုထည် ကျွန်တော်ကရှာနေတာ အရမ်းချောလာတယ်နော် ဟဲဟဲ"
🧒"အပိုတွေလုပ်မနေနဲ့ မင်းကောကောင်မလေးတွေရနေပြီလား ငါ့ကိုလျှိုမထားနဲ့နော် ယူမယ်ဆိုလဲ ငါ့နောက်မှယူ"
🤴"မရှိသေးပါဘူးဗျာ.. ဒါပေမယ့်စိတ်ဝင်စားတဲ့သူတော့ရှိတယ် ကိုထည်ကတွေ့ထားလို့လား ရှိနေတာလား"
🧒"တွေ့ထားတာလေ ဟဲဟဲ အရင်လက စင်ကာပူသွားလည်တော့ ကောင်မလေးတစ်ယောက်နဲ့တွေ့လာတာ ငါ့ထက်တော့ငယ်မယ့်ပုံပဲ"
🤴"အသက်တော့ပြည့်ပါတယ်နော် တော်ကြာသက်ငယ်မုဒိန်းတွေ ဖြစ်နေမယ်"
🧒"အဲ့လောက်တော့လဲမငယ်ပါဘူးကွာ"
🤴"ဪ.. ကားပေါ်မှာ ညီမလေးကျန်ခဲ့တယ် ကိုထည်ကိုမိတ်ဆက်ပေးမယ် လာ"
🧒"ဘယ်သူလဲဟ ဟိုမင်းရဲ့မာမီက မွေးတဲ့တစ်ယောက်လား"
🤴"ကိုကြီးတစ်မှတ်ယူ ဟုတ်တယ် သူပဲ"

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now