Part 7

376 8 0
                                    

Dar Dar's mind (ဟင် ဘာလို့ရပ်တာလဲ ပြီးတော့ ဘာလို့ကြည့်နေတာလဲ)
👸"ဟို စိုင်းဘာလို့ရပ်တာလဲ ဒီနားမှာဆိုင်လဲမရှိပါဘူး"
🤴"ကျွန်တော် 'မ' ကိုပြောစရာရှိလို့ပါ"
👸"မောင်းရင်းနဲ့ပြောလဲရတာပဲကို"
🤴"ဟင့်အင်း ကျွန်တော်က 'မ' မျက်နှာကြည့်ပြီး လေးလေးနက်နက်ပြောချင်တာ"
👸"ဘာပြောမို့လဲ"
🤴"ဟို ကျွန်တော်လေ..."
စိုင်းပြောတာကို သေချာ‌နားထောင်နေလိုက်တယ်
Dar Dar's mind (ငါ့ကို ရည်းစားစကားပြောမလို့များလား ခုမှတွေ့တာကို အပျော်တွဲဖို့လားမသိဘူး ဟူးရင်ခုန်လိုက်တာ)
🤴"ဘာမဟုတ်တော့ပါဘူး နောက်မှပြောတော့မယ် ဒါနဲ့ဘယ်သွားရမလဲ"
👸"ဟို ဟို ---လမ်းကအိမ်အမှတ်၃၀"
🤴"အင်း ဟုတ်ပြီ"
စိုင်းတစ်ယောက်ပြုံးစိပြုံးစိလုပ်နေလိုက်သည်
SZM's mind (သူ့ရင်ထဲငါနေရာတခုတော့ ရလောက်ပါပြီ ကြောင်သွားတာလေးက ချစ်စရာလေး)
Dar Dar's mind (ဟာ. ဘာလဲဟ ဒီ‌ကောင်‌လေး ငါ့ကို လာနောက်နေတာလား ငါထင်သလိုလဲမဟုတ်ဘူး ဟမ် ငါကဘာကိုထင်ရမှာလဲ မိဒါဒါရေ.. နင်ဘာဖြစ်နေတာလဲဟာ အိမ်ကလဲမရောက်သေးဘူး ကြာလိုက်တာ)
{စိုင်း ရှင်တခြားနည်းနဲ့ ရင်ခုန်အောင်လုပ်လို့ရပါတယ်ဟယ်.. ငါ့ဒါဒါလေးသနားပါတယ်}

🤴"ဒီအိမ်လား"
👸"အင်း ဟုတ်တယ် ကျေးဇူးပဲနော်"
ပြောပြီးအိမ်ထဲဝင်မလို့လုပ်တော့..
🤴"လိုက်ပို့တဲ့သူကို ဒီတိုင်းပဲပြန်ခိုင်းတော့မလို့လား အိမ်ထဲမခေါ်တော့ဘူးလား"
👸"ရှင် အော် ဟုတ် အိမ်ထဲဝင်ပါဦး"
အစကတော့ စိုင်းတစ်ယောက် ဒီတိုင်းနောက် လိုက်တာဖြစ်ပေမယ့် သူမလေးခေါ်တော့ ချက်ချင်းပဲ ခေါင်းညိမ့်ပြလိုက်ကာ လိုက်သွားတော့သည်

At home,
👸"ဟို ခနထိုင်ဦးနော် coffee ဖျော်ခဲ့ပေးပါ့မယ်"
🤴"အစားတွေအများကြီးစားထားလို့ မသောက်တော့ပါဘူး နောက်မှ coffee သီးသန့်လာသောက်ပါမယ်"
စိုင်းတစ်ယောက် အခန်းကို လှည့်ပတ်ကြည့်တော့ နံရံမှာချိတ်ထားတဲ့ ဘွဲ့ဓာတ်ပုံလေးထဲက သူမလေးရဲ့အပြုံးက သူ့ရင်ထဲကိုအေးမြသွားစေတယ်
👱"ဒါဒါပြန်ရောက်ပြီလား ဪ... ဧည့်သည်လဲပါလာတာကို တီစု Angle mini Mart သွားမလို့ အတော်ပဲ အိမ်စောင့်လိုက်ပါဦး"
👸"ဟုတ်"
တီစုထွက်သွားပြီးတော့
🤴"ကျွန်တော်လဲ ပြန်လိုက်ပါဦးမယ် ဒီတိုင်း အိမ်ထဲရောက်ဖူးချင်လို့ နောက်လဲလာလို့ရတယ်မလား"
👸"ရှင် အင်း လာလို့ရပါတယ်"
🤴"အဲ့တာ‌ဆိုနောက်မှလာခဲ့တော့မယ် ကျွန်တော်ပြန်တော့မယ်နော်"
တကယ်တော့ စိုင်းက သူမလေးတစ်ယောက်ထဲ ကျန်ခဲ့တဲ့အိမ်မှာ သူကနေဖို့ မသင့်ဝောာ်ဘူးထင်လို့ ပြန်ခဲ့တာပါ

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now