Part 20

341 7 0
                                    

သဗ္ဗေညုဘုရားကိုရောက်တော့ စိုင်းဟာ 'မ'ရဲ့လက်ကိုဆွဲပြီး ဘုရားပေါ်ကို တက်သွားတယ်။ မာန်နဲ့မိုးကတော့ ဘာမှန်းမသိဘဲ ကြောင်နေကြတယ်။ ပြီးမှ သူတို့နောက်ကို အမြန်လိုက်သွားတော့သည်။ ဘုရားထဲမဝင်ခင် ရှေ့မှာ ဘုရားပန်း၂စည်းဝယ်ကာ 'မ'ကိုတစ်စည်းပေးလိုက်တယ်။ နောက်တစ်စည်းကိုတော့ စိုင်းပဲယူကာ ဘုရားထဲဝင်လိုက်တော့သည်။

🤴""ပေး 'မ' "

၂ယောက်လုံးဘုရားရှိခိုးပြီးတာနဲ့ စိုင်းက ဒါဒါ့ဆီကပန်းစည်းကို သူကပ်ပေးမယ်ဆိုကာ ပန်းစည်းတောင်းပြီး ဘုရားကို သွားကပ်လိုက်သည်။ နောက်မှာတော့ မိုးနဲ့မာန်က ဘုရားပန်းမကပ်ဘဲ ဒီတိုင်းဘုရားရှိခိုးကာ အကဲပိုနေတဲ့ စိုင်းကို စောင့်နေရင်း မျက်စောင်းနဲ့ကြည့်ကာ မိုးကတော့သက်ပြင်းချရင်း ခေါင်းခါနေလိုက်သည်။

👸"မိုး ဒါဒါတို့ ဆင်တူပုဂံအင်္ကျီဝယ်ရအောင် လာ"

ဒါဒါကတော့ သူ့ကိုချစ်နေတဲ့ စိုင်းကိုအဖက်မလုပ်ဘဲ မိုးကိုပဲခေါ်ကာ ဆင်တူအင်္ကျီဝယ်ဖို့ အင်္ကျီရောင်းတဲ့ ဆိုင်တန်းဘက်ကို သွားလိုက်သည်။ စိုင်းနဲ့မာန်ကတော့ ထုံးစံအတိုင်း နောက်ကနေပဲလိုက်ရသည်။

👸"မိုး ဒါလေးနဲ့လိုက်လား"
🤴" 'မ'နဲ့က ဘာဖြစ်ဖြစ်လိုက်တယ်"

မမေးဘဲ‌ဖြေနေတဲ့ စိုင်းကို ဒါဒါက မျက်စောင်းလေးနဲ့ကြည့်ကာ မိုးအဖြေကို စောင့်နေလိုက်သည်။

🌧️"အင်း လိုက်တယ်မမ အဲ့ဒီဇိုင်းလေးလဲလှတယ်"
👸"အဲ့တာဆို ဒါဒါတို့ ဒီဟာပဲယူလိုက်ရအောင်နော်"
🌧️"ဟုတ်"

ဒါဒါတို့ အင်္ကျီရွေးပြီးတော့မှ စိုင်းက ဆိုင်ရှင်ကောင်မလေးဆီသွားကာ ဒါဒါတို့ဝတ်တဲ့အင်္ကျီမျိုး ‌သူ့ဆိုဒ်ပေးပါဆိုပြီး ဝယ်လိုက်တော့သည်။

ခနအကြာမှာတော့ စိုင်းတို့ဘုရားနဲ့ဈေးတန်းဘက်ကို လည်ကာ အနီးကတန်ခိုးကြီးဘုရားများဆီသို့ သွားလိုက်တယ်။

- - - - -

နီးစပ်ရာ တန်ခိုးကြီးဘုရားများကို လည်ပတ်ဖူးမြော်ပြီး ညနေ၃နာရီလောက် ပြန်လာကာရေမိုးချိုးလိုက်ကြသည်။ နေ့လည်စာကတော့ ဘုရားရှေ့က မြေအိုးထမင်းဆိုင်လေးမှာပဲ ဗိုက်ဖြည့်လိုက်ကြသည်။ ထမင်းဆိုင်မှာ သန့်သန့်ရှင်းရှင်းလေးနဲ့ စားချင်စဖွယ်ဖြစ်ကာ နာမည်ကြီးတာကြောင့် ဝင်စားရင်း လက်ရာကို အတော်ကြိုက်ကြသည်။ ရေချိုးပြီး ၄ခွဲလောက်ကျရင်တော့ E-bite ငှားကာ ပုဂံမြို့ရဲ့ ညနေဘက်ရှုခင်းကို ဆိုင်ကယ်နဲ့ လည်ပတ်ခံစားဖို့ ဆုံးဖြတ်ထားကြသည်။

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now