Part 22

762 12 2
                                    

👸"ဟိ အဲ့တာဆို ဒါဒါပြောစရာရှိလို့"
🤴" ပြောလေ ဘာပြောမလို့လဲ"
👸"မနေ့က စိတ်ဆိုးသွားတာမဟုတ်ဘူးသိလား လာအောက်ဆင်းရင်းပြောမယ်"
🤴"စိတ်ဆိုးတာမဟုတ်ဘူးဆိုတော့ ဘာလို့ စာမပြန်ဖုန်းမကိုင်တာလဲ"
👸"ဘာဖြစ်တာလဲဆိုတော့ စိတ်ကောက်တာ ဒါပေမယ့် ဘာမှမဆိုင်တော့ စိတ်ကောက်လို့မရဘူးဖြစ်နေတာလေ"
🤴"အင်း အဲ့တော့"

စိုင်းကတော့ ဒါဒါပြောလာမယ့် စကားလုံးတိုင်းကို စိတ်ဝင်တစားနားထောင်ရင်း..

👸"အဲ့တာ တရားဝင်စိတ်ကောက်ပိုင်ခွင့်ပေးမလားလို့"
🤴"စိတ်ကောက်တာပဲ ကောက်လို့.. ဟာ.. 'မ' ကျွန်တော့်ကို အဖြေပေးနေတာလား"
👸"စိုင်းက ဘယ်လိုထင်လို့လဲ"
🤴"ဟုတ်တယ်မလား 'မ' ကျွန်တော့်ကို မရက်စက်ပါနဲ့နော် ကျွန်တော်'မ'ကို တရားဝင်စိတ်ကောက်ခွင့်ပေးပါတယ်ဗျာ.."
👸"အင်း အဲ့တာဆို ခုကစပြီး တရားဝင်စိတ်ကောက်တော့မယ်နော်"
🤴"ကောက်ပါဗျာ.. ကျွန်တော်ရအောင်ပြန်ဖြောင့်ပေးပါမယ် 'မ'စိတ်ဆိုးပြေတဲ့ထိ ချော့ပါ့မယ်ဗျာ.."
👸"အဲ့တာဆိုလဲပြီးရော.. လာသွားမယ်"
🤴" 'မ'ရယ်.. အဲ့လိုကြီးတန်းလန်းမထားခဲ့ပါနဲ့ဗျာ.."

စိုင်းလဲ 'မ'ကိုမှီအောင်ဆင်းပြီး လက်ကိုဆွဲကာ 'မ'ရဲ့ ခန္ဓာကိုယ်‌လေးကို ရင်ခွင်ထဲထိရောက်အောင်ဆွဲဖက်လိုက်ပြီး..

🤴"ကျွန်တော့်ကို ချစ်တယ် လို့ ပြောဦးလေဗျာ.. အဖြေမှားနေတယ်နော်ဆရာမ မှားဖြေတဲ့ ဆရာမလေးကို အပြစ်ပေးလိုက်ရမလား"
👸"စိုင်းနော်.. စိတ်ကောက်လိုက်မှာ"
🤴"ကောက်တာက နောက်မှပြန်ချော့လို့ရတယ် အပြစ်ကတော့ ခုပေးမှရမှာ"
👸"စိုင်း ဘယ်လိုဖြစ်နေတာလဲ"
🤴"ချစ်နေတာလေ 'မ'ရဲ့ ချစ်နေတာ"
👸"အပိုတွေ"
ဒါဒါလဲ နှာခေါင်းလေးရှုံ့ကာ ပြောလိုက်သည်။
🤴"မပိုပါဘူးဗျာ.. ကျွန်တော့်ရင်ထဲအချစ်တွေကို 'မ'မြင်အောင် ကျွန်တော်ခုထက်ပိုပြီး ဂရုစိုက်ပြမှာပါ"

ဒါဒါလဲ ခေါင်းညိမ့်လိုက်ပြီး သူ့ရင်ခွင်ထဲကထွက်ကာ ပြုံးပြလိုက်သည်။ ထို့နောက် နှစ်ယောက်သား ဘုရားဇောင်းတန်းကနေတဆင့် အောက်ရောက်အောင်ဆင်းခဲ့ကြသည်။ ဆင်းတဲ့တစ်လျှောက်လုံးလည်း စိုင်းကတော့ ဒါဒါ့လက်ကို တချက်မှမလွှတ်ခဲ့ပေ။

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံWhere stories live. Discover now