Part 19

251 4 0
                                    

ဒီလိုနဲ့ ညောင်ဦးမြို့ထဲကို စိုင်းတို့အဖွဲ့ ‌ရောက်လာပါတော့သည်... အညာဒေသကို ရောက်တာနဲ့ အညာဒေသရဲ့ အငွေ့အသက်တို့ကို စိုင်းတို့တစ်ဖွဲ့လုံး ခံစားမိကြသည်မှာ ငြင်း‌ဆို၍မရနိုင်သော အမှန်တရားပင်။

စိုင်းကတော့ ထိုအညာဒေသ အငွေ့အသက်တွေနဲ့အတူ ချစ်ရတဲ့'မ'ရဲ့ ပုံရိပ်အမှတ်တရများကိုပါ နှလုံးသားထဲ မှတ်ယူထားလိုက်တော့သည်...

ညောင်ဦးမြို့ထဲက ဘိုကင်လုပ်ပြီးသား ဟိုတယ်မှာ ဝင်နားလိုက်ကာ စိုင်းနဲ့မာန်ကတစ်ခန်း၊ ဒါဒါနဲ့မိုးကတစ်ခန်းယူလိုက်ကြသည်။ ရောက်တဲ့ချိန်က ညနေ၆ခွဲလောက်ဖြစ်တာကြောင့် ရေမိုးချိုးပြီး ညစာစားဖို့ ၈နာရီ‌အရောက်လာရန်လဲ လူစုခဲ့ကြပြီးဖြစ်သည်။

"ဒေါက် ဒေါက်"
🧒"ဟျောင့် ငစိုင်း.. ထွက်မလာသေးဘူးလားကွာ နောက်ကျနေပြီကွ ဟိုမှာ မင်းရဲ့'မ'က အချိန်မတိကျလို့ဆိုပြီး မင်းကို အဖြေမပေးရင် ငါမသိဘူးနော်"

မာန်‌ပြောပြီးနောက်လှည့်တော့
👦"လချီး မင်း ငစိုင်း လန့်လိုက်တာကွာ ဒါနဲ့ မင်းကအထဲမှာ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"
🤴"ငါက အပြင်ရောက်ပြီး မင်းစောင့်နေတာကြာလှပြီ မင်းထွက်မလာသေးလို့ လာခေါ်တာ"
👦"အေးပါကွာ ငါကမင်းအထဲမှာထင်လို့ ဘယ်အချိန်ထွက်လာတာလဲ"
🤴"ဟဲဟဲ ဒီလိုပဲပေါ့ကွာ.."

👸"မာန် ဪ.. ပြီးနေပြီပဲ ဒီမှာ ဒါဒါတို့ထွက်လာတော့ မာန်မရောက်သေးတာနဲ့ စိုင်းကိုလာခေါ်ခိုင်းတာ ကြာနေတာနဲ့ လိုက်လာတာ ပြီးရင်လဲသွားကြမယ်လေ"
🤴"အင်း သွားမယ်လေ လာဟျောင့်"

ဒါဒါက သွားမယ်ပြောပြီး တခါတည်းလှည့်ထွက်သွားတာကြောင့် ငမန်းကို သွားမယ်လို့ ပြောပြီးတာနဲ့ 'မ'နောက်ကို အပြေးလိုက်ခဲ့တော့သည်။

— — — — —

စိုင်းတို့ ပထမဆုံးဦးတည်ရာကတော့ ဟိုတယ်နဲ့အနီးဆုံးဖြစ်တဲ့ ရွှေစည်းခုံကိုဖြစ်သည်။ Car parking မှာရပ်လိုက်ပြီး ဘုရားပေါ်ကို တက်ခဲ့ကြသည်။

စိုင်းရဲ့နေ့နံဖြစ်တဲ့ အင်္ဂါနံထောင့်မှာ ဘုရားရှိခိုးပြီး ဒါဒါရှိလောက်မယ့် တနင်္လာနံထောင့်ဘက်ကို ထွက်လာခဲ့လိုက်သည်။

မောင့်အတွက်နိုးထလာတဲ့'မ'ရဲ့ရင်ခုန်သံDär berättelser lever. Upptäck nu