Part-1

3.1K 38 0
                                    

Zaw

"မင်းသဘောအတိုင်း ငါမင်းကို
လက်ထပ်ယူပေးပြီးပြီလေ
မင်းဘာထပ်လိုချင်သေးလို့လဲ..
ဘာလဲ...မင်းနဲ့အတူတူ မင်္ဂလာဦးညကို
ဖြတ်သန်းစေချင်တာလား...."

"မ...မဟုတ်ဘူး...ဦးစစ်ရယ်..."

"ဘာမဟုတ်တာလဲ...မင်းကြောင့်.
မင်းကြောင့် ငါ့သိက္ခာတွေကျခဲ့ရတာ
မင်းကြောင့် ငါ့အသိုင်းအဝိုင်းကြား
ခေါင်းမဖော်နိုင်အောင်ဖြစ်ခဲ့ရတာ
အားလုံး မင်းကြောင့်...မင်းသိလား
ငါ့ဘဝတစ်လုံးရစရာမရှိဖြစ်ခဲ့ရတာ
မင်းကြောင့်ပဲ"

ပန့် မေးရိုးကို အားထည့်ပြီး
ဆုပ်ကိုင်ရင်း ပြောနေမိပေမယ့်လည်း
သူ့ဒေါသတွေက မပြေ။
ဒေါသလွှမ်းမိုးနေတဲ့ သူ့ရဲ့လက်ကို
ဖွဖွကလေးကိုင်ရင်း သနားဖွယ်
မျက်နှာနဲ့ သူမကို သူ့စိတ်ထဲ ဘယ်လိုမှ
မကြည်။

"ပန်..ပန်တောင်းပန်ပါတယ်...ဦးစစ်..."

ဖွဖွကလေး ပြောလိုက်မိတော့
ဦးစစ်မျက်နှာပျက်ပြီး ပန့်ကိုချက်ချင်း
မျက်နှာလွဲပစ်ကာ ကျောပေးရပ်သွား၏။
ချစ်ရသူရဲ့နောက်ကျောပြင်ကို
စေ့စိုက်ကြည့်ရင်း ဝဲတက်လာသည့်
မျက်ရည်ကို ကျမလာအောင် ထိန်းရင်း...

"ဦးစစ်..."

"ဒီအချိန်မှာ မင်းငါ့ကိုခေါ်နေမယ့်အစား
မင်းဗိုက်ထဲက ကလေးအဖေ
နာမည်ကို အော်ခေါ်နေသင့်တာ
ပျို့လက်ရာပန်"

ဦးစစ်စကားကြောင့်
ပန်စိတ်ထဲ ဝမ်းနည်းစိတ်ရော၊
စိုးရိမ်စိတ်ပါ တစ်ထပ်တည်း
အသားကျသွားရ၏။

"ပန်...ပန်...ခေါ်လို့မဖြစ်လို့ပါ"

"ဘာ...ခေါ်လို့မဖြစ်လို့ဟုတ်လား
မင်းကအဲ့ကောင်ကိုကျ ထုတ်မပြောပဲ
ငါ့ကိုက လှည်းကျိုးထမ်းခိုင်းတယ်ပေါ့"

တစ်ခဏငြိမ်ကျသွားပြီး
တစ်ဖန်ပြန်လည် နိုးထလာသော
သူ့ဒေါသကို မထိန်းနိုင်ဘဲ သူမဘက်ကို
လှည့်ကာ မာန်ပါပါအော်ပြောမိသည့်
စကားလုံးများ။

"ပန့်မှာ ရွေးချယ်စရာလမ်းမရှိလို့ပါ
ပန့်ကိုနားလည်ပေးပါနော်..ဦးစစ်"

ပြောလိုက်သည်နှင့် တပြိုင်နက်
ဦးစစ်ရဲ့လက်တို့က ပန့်ပခုံးကို
ခပ်ကျစ်ကျစ်ဆုပ်ကိုင်ရင်း...

တရားမဝင်ဇနီးWhere stories live. Discover now