Part-4

623 11 0
                                    

Zaw

"ဟဲ့...ကလေးမ
ဒီမှာ...ဒါတွေလည်းအကုန်ဆေး"

"ဟုတ်"

ဘာကြောင့်မှန်းမသိ ပေပွနေတဲ့
ပန်ကန်အထပ်လိုက်ကြီးကို ပန့်
ဘေးနားမှာ လာချကာ နေကြာစေ့
စားရင်းပြောလာတဲ့ အိမ်ဖော်ဒေါ်ဖြူ။

ဦးစစ်ပြောသလိုပဲ အိမ်မှုကိစ္စ
အားလုံးကို ပန်တာဝန်ယူရမယ်ဆိုတဲ့
အတွေးနဲ့ ပန်သည်းခံနေရသည်။
ပန်ဟာ သူမအလုပ်ရှင်ရဲ့ ဇနီးဆို
သော်လည်း သူမမျက်လုံးထဲမှာ
ပန်က သူမအလားတူ အိမ်ဖော်
တစ်ယောက်လို ဆက်ဆံနေ၏။

မနက်စောစောထပြီး အကုန်လုပ်ပေး
နေပေမယ့် ထိုအမျိုးသမီးကတော့
ပန့်ကိုကြည်ပုံမရ။ အခုလည်း ပန့်ကို
အလုပ်တစ်ခုပြီးတစ်ခုခိုင်းနေကာ
သူကတော့ ရေသာခိုနေသည်။

"ပြောင်အောင်ဆေးနော်
မပြောင်ရင်ငါ့ခေါင်းပေါ်ပဲရောက်မှာ
ဒါပြီးရင် ခြံထဲက ပန်းအိုးတွေ
နေရာကျအောင် ကြည့်ပြီး စီထားလိုက်"

ဒေါ်ဖြူ့စကားကြောင့်
ပန်ကန်ဆေးနေတဲ့ ပန့်လက်တစ်စုံက
ရပ်တန့်သွားရသည်။
ဒေါ်ဖြူ့ဘက်ကြည့်လိုက်ချိန်
နားမလည်သလို ပန့်ကိုကြည့်နေ၏။


"ပန်မလုပ်နိုင်ဘူး"


"နင်...နင်...ဘာပြောတယ်...."

"ပန်မလုပ်နိုင်ဘူးလို့
ပြောလိုက်တာပါ အန်တီ"

"ဒါလေးတောင် နင်က
မလုပ်နိုင်ဘူး ဟုတ်လား
နင့်ကိုယ်နင် သူဋ္ဌေးရဲ့မိန်းမဆိုပြီး
မောက်မာနေတာလား....ဟမ်.."

ဒေါ်ဖြူ့စကားကြားတော့
ပန်မျက်နှာပျက်သွားရသည်။
ပန်က သူဋ္ဌေးမိန်းမမို့ မောက်မာ
သတဲ့။ ဘယ်ချိန်က ဒေါ်ဖြူ့အပေါ်
မောက်မောက်မာမာ ဆက်ဆံလိုက်မိ
လဲဆိုတာ ပန်ကိုယ်တိုင်တောင်မသိ။


အရင်က ဖေဖေအလုပ်ကိစ္စနဲ့
ဒီအိမ်လာတိုင်း ပန်အမြဲလိုက်လာ
ဖြစ်သည်။ ထိုအချိန်က ဒေါ်ဖြူ
ပန့်အပေါ် ယခုလိုမဆက်ဆံဖူးပေ။

ဒီအိမ်ဟာ ဦးစစ်ရဲ့ သီးသန့်အိမ်ပင်။
ဦးစစ်က မိသားစုနှင့်အတူမနေ။
ဘာရယ်ကြောင့်လည်းဆိုတာတော့
ပန်လည်းသေချာမသိရ၊
ဒေါ်ဖြူဖြူအေးဆိုတာ ဦးစစ်
ငယ်ငယ်ထဲက ဦးစစ်ကိုပြုစု
စောင့်ရှောက်လာသူဟု သိရ၏။

တရားမဝင်ဇနီးWhere stories live. Discover now