Part-28

1K 17 3
                                    

Zaw

"မ...မလိုဘူး ထင်ရှား
ငါခေါင်းနည်းနည်းနှောက်
နေရုံပဲ..."


သူနိုးလာတော့ မနည်းထထိုင်
ရသည်။ ခေါင်းကလည်း
အတော်လေးနာနေပြီး ကိုက်ခဲ
နေ၏။ သို့ပေမယ့် သူဟာ
ဒီနာကျင်မှုလောက်ကို မဖြုံသူမို့
ထင်ရှားကိုလှမ်းတားလိုက်သည်။


"ဆရာ...ဆရာ့မျက်လုံးတွေက..."


သူ့ကိုတည့်တည့်ကြည့်ပြီး
ပြောနေသည့် ဆရာ့မျက်လုံးတွေက
မြင်နေရသလိုပင်။ သူ့အားကြည့်
နေပုံက အရင်လို တည်တံ့နေဆဲ။

"မင်းကိုကြည့်နေတာလေ"


"ဒါ...ဒါဆို...ဆရာ့မျက်လုံးတွေ
ပြန်မြင်နေရပြီပေါ့...ဟုတ်...
ဟုတ်လား...ဆရာ"


"မင်းကိုကြည့်နေတယ်ဆိုမှတော့
မြင်ေ ရလို့ပေါ့ကွ"

သူ့အားမျက်လုံးဝိုင်းကြီးနဲ့
ကြည့်နေသည့် ထင်ရှားက
မယုံနိုင်သလို အူတူတူလုပ်နေ
တာကြောင့် သူငေါက်ပစ်လိုက်
သည်။


ထိုအချိန်မှ ဘေးကရပ်နေတဲ့
ခပ်စိမ်းစိမ်းလူငယ်ကို သေချာ
ကြည့်မိသည်။ ဒါ ထင်ရှားရဲ့
ညီ ထက်မြတ်ဖြစ်မည်။

ရုပ်ရည်က သန့်သန့်ပြန့်ပြန့်
ထဲက လူချောလေးတစ်ယောက်
မို့ သူထင်တာနဲ့လွဲနေသည်။
သူမမြင်ရခင်တုန်းက ထင်ခဲ့မိတာ
ရုပ်ဆိုးဆိုး ဂျစ်ကန်ကန်ကောင်
လို့လေ။

အခုသူ့အကိုက ဆရာဝန်သွားခေါ်
ဆိုတာနဲ့ ထိုင်ရာက ထပြီး သူက
သွားမခေါ်နဲ့ဆိုတာနဲ့ ရပ်နေတဲ့
ကောင်က သူ့စကားတော့ နား
ထောင်သားပဲဟု တွေးမိ၏။


"ဒါကမင်းညီ ထက်မြတ်မလား
...အသံသာဆိုးတာ ရုပ်ကတော့
ဖြောင့်သားပဲ"

"ဟဲဟဲ"


သူပြောလိုက်မှ ထိုကောင်က
ခေါင်းလေးကုတ်ကာ ရီပြ
လာသည်။ တကယ့်ကို
ပေါတောတောရုပ်နဲ့။


"ထင်ရှား..."



"ဗျာ...ဆရာ..."


"မင်းငါ့ကိုဘယ်လိုဖြေရှင်းချက်
ပေးဖို့ စဉ်းစားထားလဲ"


"ဗျာ...ဘာ...ဘာကိုလဲ...ဆရာ"


သူ့စကားကြားမှ အပြုံးတို့
ပျောက်ကွယ်သွားသည့်
ထင်ရှားမျက်နှာက ဘာမှ
ဘာမှမသိသလိုနှယ်။

You've reached the end of published parts.

⏰ Last updated: Feb 20 ⏰

Add this story to your Library to get notified about new parts!

တရားမဝင်ဇနီးWhere stories live. Discover now