Zaw
"လက်ကနာလိုက်တာ...."
အခန်းထဲက ကုတင်ပေါ်
ထိုင်ရင်း နီရဲနေတဲ့ လက်က
ဒဏ်ရာကို ကြည့်ပြီး
မျက်နှာရူံ့နေမိသည်သာ။ပွင့်ညှာဖိနပ်နဲ့နင်းခံထားတာမို့
လက်က သရေလန်၍ နီရဲပြီး
အောင့်နေ၏။"ဆေးမလူးပဲ ဘယ်လိုသက်သာမှာလဲ"
ရုတ်တရက် ထွက်ပေါ်လာတဲ့
အသံကြောင့် ပန့်မျက်ခုံးလေးပင့်
သက်သွားရင်း အသံလာရာကို
လှည့်ကြည့်မိသည်။"ဦး...ဦးစစ်...ဘယ်လိုဝင်လာတာလဲ"
အခန်းကိုလော့ချထားပါရက်
ဝင်လာတာမြင်ရတော့ ပန်မျက်လုံး
လေးပြူးကြောင်ကြောင်ဖြစ်သွားရသည်။အံ့သြနေတဲ့ ပန့်ကိုကြည့်ပြီး
သဘောကျသယောင် တစ်ချက်
ပြုံးလိုက်သည့် ဦးစစ်က..."မင်းမေ့နေတာလား....ကိုယ်က
ဒီအိမ်ပိုင်ရှင်လေ....ဒီအိမ်ရဲ့
အခန်းတိုင်းရဲ့သော့ ကိုယ့်မှာ
ရှိတယ်""ဟင်..."
ဦးစစ်စကားကိုကြားတော့
ပန် ဟင်ခနဲဖြစ်သွားရသည်။
ပြုံးပြုံးကြီးပြောလာပုံက
မသိရင် တစ်ခုခုကြံစည်ထား
သလိုပင်။"ဘာလဲ...ကြောက်သွားတာလား..."
"မ...မဟုတ်ပါဘူး...ဦးစစ်ဘာလာလုပ်
တာလဲဟင်"နူတ်ဆိတ်နေနေတာမို့
ပန်ကြောက်သွားသည်ဟု
ဦးစစ်ထင်သွားဟန်တူသည်။
ဦးစစ်မျက်နှာက အပြုံးတို့
ပျောက်ရှသွားကာ ရုပ်တည်
နဲ့ မေးလာခြင်းပင်။"လာအိပ်တာလေ"
"ဟမ်...လာ...လာအိပ်တာ..."
ဖြေလာတဲ့စကားကြီးက
တည့်တိုးကြီးမို့ ပန်ပို၍ပင်
အံ့သြသွားရလေသည်။"အွန်း"
"ဒီမှာလား..."
"အွန်းလေ"
မျက်တောင်တို့ကို ပုတ်ခတ်ရင်း
မယုံနိုင်သလို ပုံစံမျိုးနဲ့ မေးနေတဲ့
သူမလေးကို ကြည့်ပြီး ရယ်ချင်
နေမိတာအမှန်။"ဦး...ဦးစစ်အခန်းမှာ သွား...သွား......"
အရင်အခန်းမှာ သွားမအိပ်
ဘူးလားဟုမေးမယ်ကြံတုန်း
ဦးစစ်က ခြေလှမ်းကျဲကြီးတွေနဲ့
ပန့်ထိုင်နေတဲ့ ကုတင်ဆီလျှောက်
လာတာမို့ ပန်မျက်လုံးလေးပြူးသွား
ပြီး....
YOU ARE READING
တရားမဝင်ဇနီး
Romanceပန့်ဘဝမှာ အချစ်ဆုံး အမျိုးသားဟာ ဦးစစ်လို့ပြောရင် ဦးစစ်ယုံမှာလားဟင်...