Part-13

353 8 0
                                    

Zaw

ဆေးရုံအခန်းလေးထဲ
သူရောက်သွားတော့
ဖြူဖျော့စွာ လဲလျောင်းနေသည့်
သူမလေးကို တွေ့ရသည်။

လက်တစ်ဖက်က
ဆေးသွင်းထားတာမို့
မှေးစက်အိပ်ပျော်နေသော
သူမလေးပုံစံက အားမရှိသလိုနှယ်။

"ထင်ရှား..."

"ဆရာ..ရောက်လာပြီလား..."

"ဆရာဝန် ဘာပြောလဲ"

သူမလေးအနားမှာ ထိုင်စောင့်
နေတဲ့ ထင်ရှားက သူ့ကိုမြင်တော့
မတ်တပ်ထရပ်၍ ဦးညွှတ်ပြလာ
ပေမယ့်လည်း သူ့အကြည့်တို့က
သူမလေးဆီက မခွာ။

တစ်ခုခုများဖြစ်သွားလေမလား
ဆိုသော အတွေးကြီးနဲ့မို့ ပူပန်စိတ်က
ပြင်းပြနေ၏။


"ဆရာကတော်က အားအရမ်းနည်း
နေတယ်တဲ့ ဆရာ ဒါက ကိုယ်ဝန်ဆောင်
အတွက် ကောင်းတဲ့အရာ မဟုတ်ဘူးတဲ့
လူကြီးတင်မဟုတ်ဘူး ဗိုက်ထဲက
ကလေးကိုလည်း ထိခိုက်စေတယ်တဲ့"

"အဲ့တော့...."

"အာဟာရရှိတာတွေကျွေးရမယ်တဲ့
နောက်ပြီး စိတ်ထိခိုက်မခံစေနဲ့ ဆရာ..
ခနခန မေ့လဲကျတာမျိုးက..."

"ငါသိပြီ"

ထင်ရှားစကားတောင် မဆုံးသေးမီ
သူက ဟန့်တားသလို ညာဘက်လက်
ကို ထောင်ပြပြီး ပြောလိုက်တာကြောင့်
ထင်ရှားစကားကို ချက်ချင်းရပ်သွားကာ
နားလည်သလိုဟန်နှင့် ခေါင်းညိမ့်ပြလာသည်။

ထိုအချိန် တစ်ဖြေးဖြေး
တိုးကပ်သွားသည့် သူ့ခြေလှမ်းတွေက
သူမလေးအနားကိုသာ။ သူမလေးကို
သူမကာကွယ်ပေးနိုင်ဘူး။ ပြတ်သား
ပါ့မယ်ဆိုတဲ့ နူတ်က ကိုယ်တိုင်
ပေးထားမိသော ကတိပါမတည်နိုင်
ခဲ့ဘူး။

အခုလိုဖြစ်ရတာ အားလုံးက
သူ့ကြောင့်ဟုသာ သူတွေးရင်း
ဆေးချိတ်ထားတဲ့ သူမလေးရဲ့
လက်ကလေးသွယ်သွယ်လျလျကို
ငေးကြည့်မိသည်။

ပြီးနောက် နဖူးလေးကို
ဖွဖွကလေး နမ်းရှိုက်လိုက်၍
ခေါင်းကလေးကိုအသာပွတ်ပေးရင်း...

"ပန်...."

နူတ်ဖျားက တိုးလျစွာ
ထွက်ပေါ်လာတဲ့ နာမည်လေးပင်။

တရားမဝင်ဇနီးWhere stories live. Discover now