Part-23

434 15 2
                                    

Zaw


"ဗျာ...အဲ့...အဲ့ဒါက..."


"ဘာဖြစ်တာလဲ...မင်းဘာလို့
လန့်နေတာလဲ ထင်ရှား"


ရုတ်တရက်ထပ်မေးလာတဲ့
မေးခွန်းက သူ့ကိုတုန်လှုပ်
သွားစေ၏။ သူစကားထစ်
နေတာကို ဆရာကရိပ်မိနေတဲ့
အနေအထားမို့ သူ့မှာချွေးတွေ
ပင် အလူးလူးထွက်လာလေ
သည်။


"ဘာ....ဘာမှမဟုတ်ပါဘူး
ဆရာ...ကျွန်တော့်ညီ...
ကျွန်တော့်ညီက မိန်းမခိုး
လာတာပါ...ဆရာ..."

"မိန်းမခိုးလာတာ ဟုတ်လား"

"ဟုတ်..ဟုတ်ပါတယ် ဆရာ
ကောင်မလေးမိဘတွေက
သဘောမတူလို့ ခိုးလာတာတဲ့
ဆရာ...ဆရာလည်းသိပါတယ်
ကျွန်တော်တို့က မိဘမဲ့လေ...
ပြီးတော့ညီက အလုပ်လက်မဲ့
ဆိုတော့ ကောင်မလေးမိဘဘက်
က သဘောမတူတာမဆန်းပါဘူး"

"အွန်း...အခုခေတ်က ခိုးရာ
လိုက်ကြတာများတယ် သူတို့
ချင်းချစ်ကြတာကို မင်းဘက်က
မကန့်ကွက်ဘူးမလား"


"ကျွန်တော် မကန့်ကွက်ပါဘူး
သူ့မိန်းမကို ခေါ်ထားတော့
ဆရာ့အတွက် အကူအညီလည်း
ရမလားလို့ပါ"

ထင်ရှားပြောတာကို သူ့မှာ
ခေါင်းတညိမ့်ညိမ့်ဖြင့် စိတ်
တိုင်းကျမိ၏။ ထင်ရှားက
သူ့အတွက် ထည့်တွေးပေး
နေတာလေ။

သို့ပေမယ့်
တခြားမိန်းကလေးတစ်ယောက်
သူ့အားပြုစုတာကို  သူမလေးသာ
သိရင် လက်ခံနိုင်မည်မဟုတ်။

သူမလေးက အနေဝေးတဲ့
အနီနဲ့တောင် သူ့ကိုသဝန်တို
နေတာမလား။ တွေးရင်း
တွေးရင်းနှင့် သူမလေးအကြောင်း
က ခေါင်းထဲရောက်လာရပြန်သည်။

ဟွင်း...ကလေးမရယ်...

သူ့ရင်ထဲက ရေရွတ်တမ်းတ
မိခြင်းသာ။ သူမျက်နှာပျက်
သွားတော့ ထင်ရှားက မျက်ခုံး
လေး ကြုတ်လျက်...


"ဘာဖြစ်လို့လဲ ဆရာ..."


"ဘာမှမဖြစ်ပါဘူးကွာ
မင်းညီမိန်းမနာမည်က
ဘာတဲ့လဲ"


"ဟမ်...အဲ့ဒါက...ဖူး...
ဖူးသစ်ဝေတဲ့ဆရာ"


"မင်းဟာကလည်း မေးသမျှ
စကားထစ်နေတော့တာပဲ
အဲ့ဒါအကျင့်မဖြစ်စေနဲ့...
ငါမကြိုက်ဘူး"



တရားမဝင်ဇနီးWhere stories live. Discover now