Zaw
"သူဋ္ဌေးအခန်းရဲ့ဘယ်ဘက်က
အခန်းကို ဘယ်တော့မှ မဝင်မိ
စေနဲ့....မဟုတ်ရင် နင်နောင်တ
အကြီးကြီးရလိမ့်မယ်"ဒေါ်ဖြူရဲ့စကားတို့ကနားထဲ
စွဲထင်နေသည်။ ခြေလှမ်းတို့ကတော့
ပုံမှန်သာ လျှောက်ရင်း ဖန်စတို့
ထည့်ထားသည့် ဖန်ခွက်အကြည်
လေးကိုကိုင်ကာ ဦးစစ်အခန်းထဲ
ဝင်လာခဲ့လိုက်သည်။အခန်းထဲဝေ့ဝဲကြည့်လိုက်တော့
ဦးစစ်အရိပ်အယောင်ပင် မတွေ့ရ။
ထို့ကြောင့် ဖန်ခွက်ကို ကုတင်အနားက
အလုပ်စားပွဲပေါ် တင်ထားပြီး
ထွက်လာခဲ့လိုက်၏။သို့ပေမယ့် ပန့်ခြေလှမ်းတွေကို
ရပ်တန့်သွားစေတဲ့အသံတစ်ခုကို
ပန်ကြားလိုက်ရချိန်...."ကိုတောင်းပန်ပါတယ်...ကို...
ကိုကတိမတည်နိုင်ခဲ့ဘူး အနီ"အနီ.....
ရုတ်တရက်ကြားလိုက်ရသည့်
နာမည်တစ်ခု။ ဒီအသံက ဦးစစ်ရဲ့
အခန်းဘေးက အခန်းကနေ
ထွက်လာတဲ့ အသံပင်။ဦးစစ်ငိုနေတာလား....
အနီဆိုတဲ့မိန်းမအတွက်....
ဦးစစ်ငိုနေတာလားဟင်....သိချင်စိတ်ကလေးပြင်းပြ
နေတော့ ဦးစစ်အခန်းဝက
ပန့်ခြေလှမ်းလေးတွေက
ဦးစစ်ရှိရာအခန်းဆီ ဦးတည်
လျှောက်လာခဲ့သည်။တစ်လှမ်းချင်း လှမ်းနေတဲ့
ခြေလှမ်းတို့က မဝံ့မရဲ။
ဒေါ်ဖြူပြောတဲ့ နောင်တဆိုတာ
ကိုပင် မေ့မေ့လျော့လျော့။အခန်းရှေ့ရောက်တော့
တံခါးကစေ့ရုံလေး စေ့ထားတာကို
တွေ့လိုက်ရသည်။ အနည်းငယ်
ပွင့်နေတဲ့ တံခါးဟဟလေးကနေ
အထဲကိုချောင်းကြည့်လိုက်ချိန်...."အနီ....မင်းသိပါတယ်....ကိုမင်းကို
သိပ်ချစ်တာ....ကို့အသက်ထက်....
ကို့အသက်ထက်ပိုချစ်တာပါကွာ
အနီရာ...."အခန်းထဲ ချိတ်ဆွဲထားတဲ့
ဓာတ်ပုံများ....။ အသားဖြူဖြူ၊
သေးသွယ်ကိုင်းယိုင်းတဲ့ ခန္ဓာကိုယ်၊
နှာတံချွန်ချွန်တို့နဲ့ သေးသွယ်လှပတဲ့
မှေးရိုးတွေ....တစ်ခုမှအပြစ်ပြောစရာ
မရှိအောင် လှရက်နေတဲ့ မိန်းမတစ်ယောက်
ရဲ့ ပုံရိပ်တွေကို ပန် မျက်လုံးဝိုင်း
လေးနဲ့စိုက်ကြည့်နေမိ၏။
CITEȘTI
တရားမဝင်ဇနီး
Dragosteပန့်ဘဝမှာ အချစ်ဆုံး အမျိုးသားဟာ ဦးစစ်လို့ပြောရင် ဦးစစ်ယုံမှာလားဟင်...