Part-25

493 19 0
                                    

Zaw

"ဆရာ...ဘာဖြစ်တာလဲ...ဆရာ"

သူအော်လိုက်သည်နှင့်
အိမ်ထဲပြေးဝင်လာမိသည့်
ထင်ရှားက အလန့်တကြား
မေးလာလေသည်။

သူကလည်း အနာပေါ်တုတ်
ကျသလို ခံလိုက်ရတာမို့
မတ်တပ်ထရပ်၍ အော်လိုက်
တာမို့ ရပ်နေရာက ဘာမှမမြင်
ရတဲ့ ရှေ့တည့်တည့်ကို လက်ညိုး
ငေါက်ငေါက်ထိုးရင်း...

"အဲ့သီချင်း...အဲ့သီချင်းကို
ဘယ်ကောင်ဆိုနေတာလဲ
ထင်ရှား"

"ဟင်..."

ဆရာ့စကားကြောင့် သူလည်း
အသံလာရာ ခြံထဲကို ပြတင်း
ပေါက်ကနေ လှမ်းကြည့်လိုက်
တော့ အသံကုန် သီချင်းအော်
ဆိုနေသူက တခြားလူမဟုတ်ဘဲ
သူ့ညီ ထက်မြတ်ဖြစ်နေ၏။


"အဲ့ဒါ...ကျွန်တော့်ညီပါ ဆရာ"

"မင်းညီဆိုတာဆိုလည်း ခုချက်ချင်း
ရပ်ခိုင်းလိုက်လေ...ငါ့နားကွဲတော့
မယ် မင်းညီအသံကိုလည်း နား
ထောင်ကြည့်ဦး...စပါးကြီးမြွေ
ရေနစ်နေတဲ့ အသံနဲ့"


"ဟမ်...စပါးကြီးမြွေက ရေနစ်ရင်
ဘယ်လိုအော်တာလဲ...ဆရာ"

"ဟာ...ဒီကောင်တော့...ငါကရွဲ့
ပြောတာကွ...သွား...အခုချက်ချင်း
မင်းညီအသံကို ပိတ်ခိုင်းလိုက် "

"ဟုတ်...ဟုတ်ကဲ့ပါ ဆရာ"

မမြင်ရပေမယ့် ထင်ရှားအသံ
လာရာဘက် မာန်ပါပါနဲ့ ကြိမ်း
လိုက်မှ ထင်ရှားက အိမ်ထဲက
ပြန်ထွက်သွားလေသည်။

အဲ့ချိန်ထိတောင် ဟိုကောင်က
အသဲကွဲတဲ့ရောဂါ လုပ်နေတုန်း
မို့ သူ့လက်နဲ့ နားတို့ကိုပိတ်ပြီး
အသာလှုပ်ယမ်းမိသေးသည်။

ထင်ရှားညီရဲ့အသံဗြဲကြီးက
သူ့နားထဲကို ကြီးစိုးနေတာကြောင့်
သူ့နားတို့ပင်ရဲတွတ်လာသည့်အဖြစ်။


"အသဲကွဲတဲ့ရောဂါ...ဘယ်သူ
ကယ်နိုင်မလဲ..."

"ဟိတ်ကောင်...ထက်မြတ်..."

"အို...အသဲကွဲတဲ့ရောဂါ..."

"မင်းမေကြီးတော်...ရောဂါလား
မင်းသီချင်းဆိုတာ ရပ်တော့
ကောင်စုတ်"

တရားမဝင်ဇနီးDonde viven las historias. Descúbrelo ahora