Part-19

510 6 0
                                    

Zaw

တဖြေးဖြေး ဖွင့်ဟလာသည့်
မျက်လုံးလေးတွေက လေးလံ
လှသည်။ လဲနေရာက ထလိုက်ပြီး
ဘေးဘီကိုဝေ့ဝဲကာ အကဲခတ်မိချိန်...

"ပန်...ပန်ဘယ်ရောက်နေတာလဲ..."

နူတ်ကတီးတိုးပြောရင်း
ပန်ကုတင်သေးသေးပေါ်က
အားယူထရပ်၍ အခန်းပြင်ထွက်
ကြည့်လိုက်တော့....

"ဒါ...ဒါ...ဦးစစ်ရဲ့အိမ်ပဲ....
ဘယ်လိုလုပ်ပြီး..."

ကိုယ့်ကိုကိုယ် ဘယ်လိုလုပ်ပြီး
ဒီအိမ်ကိုပြန်ရောက်နေလည်း
မသိတာမို့ ပန်မျက်လုံးလေးပြူး၍
အံ့သြနေမိသည်သာ။ ပန်အခုလဲ
အိပ်နေတာက ဂိုထောင်ထဲမှာပင်။

ဂိုထောင်ထဲထွက်လိုက်လျင်ဖြင့်
ဦးစစ်နဲ့ပန် အတူနေတဲ့ တိုက်အိမ်ရဲ့
နောက်ကျောကို မြင်နေရတာကြောင့်
ပန် အံ့သြသွားရ၏။

"နိုးနေပြီလား...မိန်းကလေး..."

အိမ်ကိုငေးကြည့်နေမိသည့် ပန့်ရဲ့
မနီးမဝေးက ယောင်္ကျားသံကြောင့်
ပန်အလန့်တကြားနဲ့ လှည့်ကြည့်မိသည်။

"ရှင်...ရှင်ကဘယ်သူလဲ"

"ကျုပ်နာမည်က ထက်မြတ်
ကျုပ်က အမိကိုကယ်ခဲ့တာ..."

သူ့စကားကိုနားမလည်သလို
အကဲခတ်ကြည့်နေတဲ့ မိန်းကလေးကို
သူငေးကြည့်နေမိသည်။ အားနည်း
နေသယောင် ဖြူလျလျ အသား
အရည်နဲ့ မိန်းကလေးက ယဉ်ယဉ်
လေး ကြည့်ကောင်းနေ၏။ ထို့ကြောင့်
သူ့အကြည့်တွေ မခွာမိ။

"ဒီအိမ်က ဦးစစ်ဗျူဟာတည်ရဲ့
အိမ်မဟုတ်လား..."

"ဟင်...မိန်းကလေးက ဘယ်လို
သိတာလဲ..."

ဟား....

သေချာနေသလို ပြောလာတဲ့
ထိုလူ့စကားကြောင့် ပန်
ဟားခနဲ အသက်ရူထုတ်ပစ်
လိုက်ရသည်။ ကံကြမ္မာက
ပန့်ကို စမ်းသက်နေတာလား
မသိ။

ဒီလူဆီက ထွက်ပြေးလာကာမှ
ဒီလူရှိရာဆီကိုပဲ ပန့်ကိုပြန်
ပို့သတဲ့လေ။ ရက်စက်လှချည်လား....
ကံကြမ္မာရယ်...။

ပန် ဘာမှထပ်မစဉ်းစားတော့ချေ။
ခေါင်းတစ်ခုလုံး ထူပူပြီး
ဘာဆက်လုပ်ရမှန်းပင် မသိအောင်
ဖြစ်သွားရကာ ပြေးဝင်လာတဲ့
အတွေးကလေးဟာ ဒီနေရာက
ဝေးရာကို ပြေးထွက်သွားဖို့ပင်တည်း။

တရားမဝင်ဇနီးWhere stories live. Discover now