Part-7

409 14 0
                                    

Zaw

"ဘာ...ဘာလုပ်မလို့လဲ..."

"မင်းလက်ကိုမီးရှို့မလို့လေ..."

"ဟာ...မေမေ...မေမေ ပွင့်ညှာလက်ကို
မီးရှို့မလို့တဲ့...လုပ်ပါဦး...."

"သူဋ္ဌေးမလုပ်ပါနဲ့...ကျွန်မတောင်းပန်
ပါတယ်..ကျွန်မသမီးကို
လွှတ်ပေးလိုက်ပါ..."

"ထင်ရှား...ဒေါ်ဖြူကိုချုပ်ထားလိုက်"

"ဟုတ်...ဆရာ"

သူ့စကားကို မျက်ကွယ်ပြုပြီး
သမီးဇောနဲ့ အနားကပ်ပြီး
စိုးရိမ်တကြီး တောင်းပန်နေတဲ့
ဒေါ်ဖြူကို အနားမှာရပ်နေတဲ့
ထင်ရှားက လက်တို့ကိုဖမ်းချုပ်ထား
လိုက်၏။

ထိုမြင်ကွင်းကို မြင်တော့မှ
ကြောက်လန့်သွားကြသော
ပွင့်ညှာရဲ့ သူငယ်ချင်း၂ယောက်က
မျက်လုံးပြူးလျက်....

"အခြေနေမကောင်းဘူး...ပြန်ကြစို့"

"မြန်မြန်သွားကြမယ်..."

ပျာပျာသလည်း ပြေးထွက်
သွားကြ၏။

"ပန်..."

"ရှ...ရှင်..."

ပွင့်ညှာလက်တစ်ဖက်ကို
ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း
ဘေးမှာရပ်နေတဲ့ ပန့်ဘက်ကို
ခေါင်းလေးအသာစောင်းပြီး
ခေါ်လာတာမို့ ပန်လန့်လန့်ဖြင့်
ထူးလိုက်မိသည်။

"နာသွားတာ...ဘယ်လား...
ညာလား..."

"ညာ...ညာပါ...ဦးစစ်"

"အဲ့ဒါဆို...ဒီလက်ပေါ့...."

"ဟင်....မ..မလုပ်ပါနဲ့....
ပွင့်ညှာတောင်း...တောင်းပန်ပါတယ်...
အဟင့်...ဟင့်..."

ပြောပြောဆိုဆိုနဲ့ သူမီးခြစ်
ခြစ်လိုက်တော့ ဒေါ်ဖြူ့သမီးကို
ကြောက်လန့်ပြီး ငိုယိုတောင်းပန်
လာတော့သည်။

သို့ပေမယ့်
ခွင့်လွှတ်ဖို့ သူ့မှာစိတ်ကူးမရှိ။
ထို့ကြောင့် မီးခြစ်ကို
လက်အနားတဖြေးဖြေးတိုး
လိုက်စဉ်....

"သူ႒ေး...သူ႒ေးကြၽန္မသမီးကို
မထိနဲ့နော်...ဥပဒေ...
ဥပဒေဆိုတာရှိတယ်ဆိုတယ်နော်...
ကျွန်မသမီးကို သူဋ္ဌေးလုပ်ချင်
တိုင်းလုပ်လို့မရဘူး..."

တရားမဝင်ဇနီးWhere stories live. Discover now