Part-9

388 11 0
                                    

Zaw

"ဟိတ်...ကောင်မလေး...
ထပါဦး..."

နားထဲတိုးတိုးလ်လ်
ခေါ်သံလေးကတိုးဝင်
လာတာမို့ ပန်မျက်လုံးလေး
ဖွင့်ကြည့်လိုက်တော့ အနားမှာ
ဆောင့်ဆောင့်ကလေးထိုင်ပြီး
ပြုံးပြုံးလေး စိုက်ကြည့်နေတဲ့
ဦးစစ်ကိုတွေ့ရ၏။

ဘယ်ချိန်ထဲက အိပ်ယာနိုးပြီး
ပြင်ဆင်ထားလည်းမသိ၊
Companyသွားဖို့အဆင်သင့်ဖြစ်နေတဲ့
အနေအထားနဲ့ ကုတင်ဘေးမှာ
ဂရုတစိုက်လာထိုင်ကြည့်နေသည့်
ဦးစစ်မျက်လုံးတို့က နွေးထွေးမှု
အပြည့်နှင့်။ အဲ့ဒီအကြည့်တို့က
နေရခက်စေပြီး စိတ်ထဲမလုံမလဲလေး
ခံစားရတာမို့ မျက်နှာလွဲပစ်လိုက်သည်။

"အစောကြီးနိုးနေတာလား..."

သူ့ကိုမျက်နှာလေးလွဲပစ်ရင်း
နီရဲသွားတဲ့ မျက်နှာလေးက
ရှက်သွားတာထင်ပါရဲ့။

"အွန်း...ကြာနေပြီ...ထတော့နော်..."

"ဟုတ်..."

ထိုအချိန်မှ သူ့ကိုလှည့်ကြည့်ပြီး
ခေါင်းလေးညိမ့်ပြလာပုံက
ကလေးလေးတစ်ယောက်လိုနှယ်။

"ကိုယ် အင်္ကျီတွေပြင်ပေးထားတယ်...
တော်မတော်ဝတ်ကြည့်လိုက်ဦး"

"ဟင်...အင်္ကျီ...ဘယ်တုန်းက
ဝယ်လိုက်တာလဲ..."

ဘယ်တုန်းက ဝယ်လိုက်လဲ
မသိ။ မနေ့ညက ပန့်ထက်
အရင်အိပ်သွားတာလေ... အခု
အင်္ကျီတွေ အဝတ်တန်းမှာအပြည့်မို့
ပန် အံ့သြသွားရသည်။

"မနက်ကပဲ...ကိုယ်ပွင့်ထားတဲ့
ဆိုင်ခွဲတွေက လှတာအကုန်လာ
ပို့ခိုင်းလိုက်တာ..."

"အကုန်အကျခံလို့...ဦးစစ်ရယ်..."

ပြောရင်း ထထိုင်ပြီးခါးထိထဲဝဲကျ
နေတဲ့ ဆံနွယ်ရှည်တို့ကို သပ်ရက်အောင်
ရှင်းနေတာကို ဘေးကကြည့်နေတဲ့သူမှာ
အူတယားယားနှင့်။ ဖိနမ်းပစ်ချင်သည့်
စိတ်ကို မနည်းထိန်းထားရသည်။


"မြန်မြန်ပြင်ဆင်လိုက်...ပြီးရင်
သွားစရာရှိတယ်..."

"ပန်ရော လိုက်ရမှာလား...."

ကိုယ့်ကိုကိုယ် လက်ညိုးလေး
ထိုးပြီး မယုံသင်္ကါမေးလိုက်မိသည်။
ဦးစစ်က ပန့်ကိုအပြင်ခေါ်မတဲ့လား...။
သိက္ခာကျမှာ အရမ်းစိုးရိမ်တတ်သူကြီးက
အခု သူများအတင်းအဖျင်းတွေကို
မမူ့ဘဲ ဗိုက်တလုံးနဲ့ ပန့်ကို အပြင်
ခေါ်သွားမလို့တဲ့လေ။

တရားမဝင်ဇနီးWhere stories live. Discover now