Part-20

1.1K 20 0
                                    

Zaw


ဆေးရုံသို့ရောက်ချိန်....
သီးသန့်အခန်းလေးထဲ
ရောက်နေပြီဖြစ်သည့်
ဦးစစ်ရှိရာအခန်းကို
ထင်ရှားက ဦးတည်လျှောက်
နေတာမို့ ပန်လည်းနောက်က
ထပ်ကြပ်မကွာ လိုက်လာခဲ့၏။

ထို့အတူ ကိုထင်ရှားရဲ့ညီ
ပန့်ကိုကယ်ခဲ့သူ ထက်မြတ်ဟာ
လည်း ပန်တို့နှစ်ယောက်နောက်မှာ
ပါလာခဲ့သည်။

အားလုံး၏ ခြေလှမ်းတို့က
လျင်မြန်နေကြကာ ပူပန်စိတ်တွေ
ပြင်းထန်နေကြ၏။

သိပ်မကြာပေ။
ဆေးရုံကြီးရဲ့ဒုတိယထပ်က
၎ခန်းမြောက်တွင် ထင်ရှား
ကရပ်လိုက်တော့ ပန်လက်သီး
လေးကို ကျစ်ကျစ်လေး ဆုပ်
လိုက်မိသည်။


ဘာလို့ဆို
ဆေးရုံဝက သူနာပြုမလေးက
ဦးစစ်ဒဏ်ရာပြင်းထန်သည်ဟု
ပြောခဲ့ခြင်းကြောင့် မထင်မှတ်
ထားတာတွေ ဖြစ်လာလေမလား
ဆိုတဲ့အတွေးကလေးနဲ့ ဦးစစ်ကို
ကြည့်ဖို့ ပန်အားမွေးလိုက်ခြင်းပင်။

ကိုထင်ရှားကလည်း
ပန့်ဘက်ကိုခနစောင်း
ကြည့်ရှာသည်။ ပန်
အဆင်သင့်ဖြစ်မှ တံခါး
ဖွင့်မည်ဟူသော အတွေး
လေးနဲ့ပေါ့။

ထို့နောက် ထင်ရှား
တံခါးကိုဖွင့်လိုက်ချိန်
ပန့်မျက်လုံးလေးတွေ
ဝိုင်းစက်သွားရ၏။


"ဟင်...အ...အနီ..."

ဦးစစ်ရဲ့ကုတင်အနားမှာ
ထိုင်ကာ လဲလျောင်းနေသည့်
ဦးစစ်လက်တစ်ဖက်ကို
ခပ်တင်းတင်းလေးဆုပ်ကိုင်ပြီး
စိုးရိမ်နေဟန်တူသော အနီကို
မြင်လိုက်ရတော့ ပန်အံ့သြသွား
ရသည်။

ပန့်အသံလည်းကြားရော
အနီ့ရဲ့ခပ်မာမာအကြည့်တို့က
ပန့်ထံ တန်းရောက်လာ၍
ဦးစစ်လက်တို့ကို ကုတင်ပေါ်
အသာတင်လျက် ထိုင်နေရာက
ထကာ ခပ်သွက်သွက်ခြေလှမ်းတွေ
နဲ့ ပန့်ဆီရောက်လာသည့် အနီ။


"ဖြန်းးးး"


ရုတ်တရက် အရိုက်ခံလိုက်ရတာကြောင့်
အားနည်းနေတဲ့ပန်ဟာ ဘေးကိုပင်
ယိုင်သွားရသည်။ ဒါကို အနောက်က
ထက်မြတ်က ပန့်လက်တို့ကို ခပ်ဖွဖွလေး
ကိုင်ရင်း ထိန်းပေးလိုက်သည်။

တရားမဝင်ဇနီးWhere stories live. Discover now