Part-17

389 8 0
                                    

Zaw


"ဘာလာလုပ်တာလဲ...အနီ"

"ဟေ့...တို့ကို ဒီလိုခေါ်ရအောင်
မင်းနဲ့တို့က သက်တူရွယ်တူတွေ
မဟုတ်ဘူးနော်"

ပန်မေးလိုက်တဲ့စကားကို
မာန်ပါပါနဲ့ ပြောလာတဲ့
အနီ့ကို ပန်မျက်မှောင်လေး
ကြုတ်ပြီး ကြည့်လိုက်မိသည်။

မွေးရဖွားရလွယ်အောင်
အခန်းအပြင်ဘက် ထွက်ကာ
လမ်းထွက်လျှောက်နေတုန်း
အနီက ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာမယ်လို့ ပန်ထင်မထား
ခဲ့ပေ။


"ကိုယ့်ခင်ပွန်းနဲ့ ပက်သတ်နေတဲ့
အမျိုးသမီးကို ပန်က မမ...မမဆိုပြီး
မျက်နှာချိုသွေးနေရမှာလား..."

"ငါတို့ပက်သတ်နေတာသိရင်
ဘာလို့နင်ကနောက်မဆုတ်သေး
တာလဲ..."

ဟား...

နောက်ဆုတ်ပေးရမယ်တဲ့....
ကြားလိုက်ရတဲ့စကားကြောင့်
ပန့်နူတ်က ဟားခနဲပင် ဖြစ်သွား
ရသည်။ အနက်ရောင် ဂါဝန်ကို
လှပကြော့ရှင်းစွာ ဝတ်ဆင်
ထားသည့် အမျိုးသမီးကို ပန်
ဒေါသတို့ဖြင့်ကြည့်နေမိ၏။

"နောက်ဆုတ်ရမှာက ရှင်ပါ...
ပန်တို့ အိမ်ထောင်ရေးကို
လိုက်ဖျက်ဆီးနေတာ ရှင်လေ..."

"ငါကလိုက်ဖျက်ဆီးနေတာ
မဟုတ်ဘူး ငါနဲ့စစ်က တစ်ယောက်ကို
တစ်ယောက် အရမ်းချစ်ကြတာ...
စစ်မိဘတွေလည်း သိတယ်...
နင်ကနောက်မှ ရောက်လာတာ..
အဲ့တော့ နင်ထွက်သွားရင်...."

"တော်လိုက်တော့...ရှင့်စကားကို
ရပ်လိုက်တော့"

အသံပြင်းပြင်းနဲ့ အားထည့်
အော်ပစ်လိုက်တော့ အနီ့မျက်နှာက
ချက်ချင်းအရောင်ပြောင်းသွားသည်။
ဒေါသထွက်သွားဟန်တူတဲ့ မျက်နှာထား
က ပန့်ကိုအုပ်မိုး၍ ကြည့်ပြီး....

"မတော်ဘူးဆိုရင်ရော....မနေ့က
ငါ့ကိုဖုန်းထဲမှာ ပြောဆိုသွားတာလေ...
ဘာလဲ ...အခုလူချင်းတွေ့တော့ ကြောက်
သွားတာလား...."

"နင်...နင်...ဘာလုပ်မလို့လဲ...အနီ"

အနားကို တဖြေးဖြေးတိုးကပ်လာ
တော့ ပန် မျက်လုံးလေးပြူးကာ
တဖြေးဖြေးအနောက်ကို တိုးဆုတ်
သွားရ၏။

တရားမဝင်ဇနီးWhere stories live. Discover now