Part-27

477 16 2
                                    

Zaw

"အား...ကျစ်..."

လဲကျတဲ့နေရာက အနောက်မှာ
အုတ်နံရံနဲ့ ခေါင်းကဆောင့်မိ
သွားတော့ သူ့ခေါင်းတစ်ခုလုံး
ထူပူကာ ထုံကျဉ်သွားရသည်။


သူ့ခေါင်းနောက်စေ့ကို
အသာစမ်းကြည့်တော့
စိုရွဲနေသလိုခံစားရတာကြောင့်
သူ့ခေါင်းပေါက်သွားပြီဆိုတာ
သူသိလိုက်လေပြီ။


ထို့အတူ မူးဝေလာပြီး
သူ့နားထဲမှာ ကလေးမရဲ့
ခေါ်သံသဲ့သဲ့ကိုကြားလိုက်ရသည်။
တကယ်လား...ထင်ယောင်ထင်မှား
လားဆိုတာ သူမသဲကွဲသေးဘဲ
နာကျင်တဲ့ ဒဏ်ကြောင့် မျက်လုံး
တွေကို အတင်းမှီတ်လိုက်ဖွင့်လိုက်
လုပ်နေချိန်...


"ဦးစစ်...ဦးစစ်ဘာဖြစ်သွားသေးလဲ"

ပန့်အသံလေးက သူ့နားထဲ
တိုးဝင်လာပြန်တော့ အသံလာရာကို
သူလှမ်းကြည့်မိသည်။ မှောင်မည်း
နေရာက ဝိုးတဝါး ပုံရိပ်လေး
သူမြင်လာရသည်။ ခေါင်းကလည်း
အတော်နာလာသည်။


ဦးစစ်လက်မှာ နီရဲနေတဲ့
သွေးတွေကိုမြင်တော့ ပန်စိုးရိမ်
စိတ်ကလေး လွန်ကဲသွားရသည်။
ပန်ဆိုတာဦးစစ်သိသွားလို့ မဖြစ်ဘူး
ဆိုတာကိုတောင် ပန်မေ့လျော့သွား
မိသည်။


"ဦးစစ်...ဟင့်...ကိုထင်ရှား...
လာပါဦး...ဒီကိုလာကြပါဦး"

ငိုသံလေးနဲ့ အားကိုးရာမဲ့နေသလို
အော်ခေါ်နေတဲ့ မိန်းကလေးရဲ့
ပုံရိပ်က သူ့မြင်ကွင်းထဲမှာ
သေချာမြင်ရလိုက်...ဝေဝါးသွား
လိုက်နဲ့ပင်။

သို့ပင်မယ့် အိမ်ရှေ့တံခါး
ဘက်ကို ထင်ရှားကိုအော်ခေါ်၍
သူ့အားလှည့်ကြည့်လာတဲ့ မျက်နှာ
လေးကြောင့် သူ့မျက်ခုံး နက်နက်
လေးတွေ ပင့်တက်သွားရကာ...

"ပန်...."


နူတ်ဖျားက တီးတိုးလေးသာ
ခေါ်လိုက်နိုင်သည်။ သူ့ကိုမျက်ရည်
တွေနဲ့ ကြည့်နေသည့် ပန်ဆိုတဲ့
သူ့ဇနီးလေးက ရှိုက်၍ငိုနေလေသည်။
ထိုမြင်ကွင်းလေးက ပြန်ဝါးသွားကာ
သိပ်မမြင်ရတော့ပြန်တာမို့ သူမျက်
လုံးလေးကို အတင်းမှိတ်ပစ်ပြီး
ပြန်ဖွင့်ကာ သူမမျက်နှာလေးကို
လှမ်းကိုင်ကြည့်ဖို့ပြင်လိုက်သည်။


တရားမဝင်ဇနီးWhere stories live. Discover now