Zaw
တယိမ်းတယိုင်လေး
လျှောက်လာခဲ့တဲ့ ပန့်
ခြေလှမ်းနှေးနှေးကလေးတွေက
ဖေဖေနဲ့မေမေ ရှိရာ အိမ်ဆီကိုပင်။
အခုချိန်မှာ ပန့်အတွက် မှီခိုအားကိုး
စရာဆိုလို့ ပန့်မိဘတွေပဲ ရှိတော့
တာ မဟုတ်လား။ပန်လျှောက်လာတာ ဆေးရုံနှင့်
အတော်တော့ အလှမ်းဝေးလာ
လေပြီ။ ကားငှားသွားချင်ပေမယ့်
မုဒြာ လက်ထဲမှာ ပိုက်ဆံပါမလာတာ
တော့ ကိုယ့်အားကိုယ်သာကိုးနေရသည်။သို့ပေမယ့် မုဒြာခေါင်းက
အတော်လေး မူးဝေနေခဲ့၏။
ကလေးပျက်ကျထားတဲ့
လူနာတစ်ယောက်လေ ဘယ်လို
လုပ်ပြီး သက်သာပါဦးမလဲ။ထို့ကြောင့်....
"အယ့်....မိန်းကလေး....မိန်းကလေး
ဘာဖြစ်တာလဲ..."ရုတ်တရက် အားကုန်သွားသလို
ပန် မိုက်ခနဲဖြစ်ကာ လမ်းမပေါ်
လဲကျသွားရသည်။"ဦးစစ်....."
သူ့ရှေ့ရောက်မှ လဲကျသွားသည့်
မိန်းကလေးကို သူမျက်လုံးလေး
ပြူးပြီး လှုပ်နိုးနေမိသည်။ သို့သော်လည်း
သူမလေးက နွမ်းနှယ်နေသလို နူတ်ဖျားက
ဦးစစ်ဟုသာ တစ်ဆာဆာ ခေါ်နေလေသည်။
ထိုခေါ်သံက တိုးတိုးကလေးမို့
သူပင်မနည်း နားထောင်ယူရ၏။"မိန်းကလေး.... သတိထားဦးလေ...
အကိုတို့...အစ်မတို့...ကူညီကြပါဦဗျာ..."သူ အော်ကာ အကူအညီတောင်း
သော်ငြားလည်း ဘေးကမြို့ကြီး
သား၊ မြို့ကြီးသူတွေက ဝေ့ကြည့်
ဝေ့ကြည့်ဖြင့်သာ သူနဲ့အမျိုးသမီးကို
ကွင်းသွားလေသည်။သူကလည်းနယ်ကတက်လာ
တာမို့ မြို့ပေါ်အကြောင်း ဘာမှ
မသိသေးသလို မန္တလေးမြို့ပေါ်
လည်း ပထမဦးဆုံးအကြိမ်
ရောက်ဖူးခြင်းပေ။"ထက်မြတ်...ထက်မြတ်...
ဒုက္ခလှလှကိုတွေ့တော့တာပဲ..."သူ့နူတ်က အံ့ကြိတ်ထွက်လာ
တဲ့စကားနဲ့ အတူ လှုပ်နိုးမရ
တဲ့ မိန်းကလေးကို အသာထူ
လိုက်ပြီး အသက်ရူရဲ့လားလို့
လက်နဲ့ နှာခေါင်းဝကို စမ်းကြည့်
လိုက်သေးသည်။ထို့ကြောင့် ကားကိုလှမ်းတား၍
ကားငှားပြီး သူသွားမယ့်နေရာကိုသာ
ထိုအမျိုးသမီးကို ခေါ်လာခဲ့လိုက်သည်။
YOU ARE READING
တရားမဝင်ဇနီး
言情ပန့်ဘဝမှာ အချစ်ဆုံး အမျိုးသားဟာ ဦးစစ်လို့ပြောရင် ဦးစစ်ယုံမှာလားဟင်...