Part-15

368 7 0
                                    

Zaw

အိမ်ထဲဝင်လိုက်သည်နှင့်
ဆိုဖာပေါ်ရုပ်တည်တည်ဖြင့်
ထိုင်နေသော ပန့်ကိုတွေ့ရ၏။
ရုပ်လေးက တစ်ခုခုကို
အလိုမကျသဖွယ် မှုန်သုန်နေသည်။

"မျက်နှာက ဘာဖြစ်နေတာလဲ
ကလေးမ"

အိမ်တံခါးဝနားက မေးလိုက်ပေမယ့်
သူမလေးက ပြန်ဖြေမလာ။ သူ့ကို
တစ်ချက်လေးမှလှည့်ကြည့်မလာတဲ့
သူမလေးကြောင့် သူ့မျက်ခုံးတစ်စုံက
တွန့်ခနဲ မျက်မှောင်ကြုတ်ပစ်ကာ
အနားကိုလျှောက်သွား၍ ဘေးနားက
နေရာလွှတ်မှာ ဝင်ထိုင်လိုက်ပြီး....


"ဘာဖြစ်နေတာလဲလို့..."

"ပန့်အသားကိုမထိနဲ့"

ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ
လေးနေတာကြောင့် သူမလေးကို
ချော့ဖို့ သူမရဲ့လက်ကလေးပေါ်
သူလက်ဖိကိုင်မိချိန်မှာတော့
သူမက သူ့လက်ကိုပယ်ချပစ်ရင်း
မတ်တပ်ထရပ်၍
လေသံမာမာဖြင့်ပြောလာလေသည်။

"ဘာဖြစ်တာလဲ...ပန်...ဘာလို့
ဒေါသကြီးနေရတာလဲ"

"ဘာဖြစ်ရမှာလဲ...ဦးစစ်ဘာလုပ်
ထားလဲဆိုတာ ကိုယ့်ကိုကိုယ် သိမှာပေါ့"


"ကိုယ်ဘာလုပ်မိလို့လဲ"


မတ်တပ်ထရပ်ကာ ပန့်ရှေ့တည့်တည့်မှာ
ရပ်ပြီးမေးလာပုံက ဘာမှမသိသလိုနှယ်။
ဦးစစ်ရဲ့အဲ့ဒီအပြုအမူက ပန့်ကို
ပို၍ဒေါသထွက်စေ၏။

"ဘာလုပ်မိလို့လဲ...ဟုတ်လား...
ဒီမှာ...ဒီမှာရှင့်ဖုန်း"

"ဪ...ဖုန်းကကိုယ်မနက်က
လောလောနဲ့ ထွက်သွားလို့
ကျန်ခဲ့တာ....သတိရတော့
ကိုယ်ကအလုပ်ထဲရောက်နေပြီ
တကူးတကပြန်ယူရ...."

ပြောပြောနဲ့ လက်ထဲပစ်ထည့်လာ
သော ဖုန်းကို သူအမြန်ဖမ်းယူ
လိုက်ကာ သူမလေးကိုရှင်းပြနေ
မိ၏။

ဟွင်း....
ဟိုနေ့က နှစ်ပတ်လည်နေ့အတွက်
ကြိုပြီးလက်ဆောင်တွေမှာထားတာကို
ဖုန်းယူကြည့်ပြီး ဒီကလေးမတွေ့သွားပြီ
ထင်တယ်...ဒါကြောင့်စိတ်ဆိုးနေတာ
ဖြစ်မယ်...

သူမလေးကို ဒီ၃လအတွင်း
သူ လက်ဆောင်ပစ္စည်းတွေ
အမျိုးမျိုးပေးခဲ့သည်။ သို့ပေမယ့်
သူမလေးက အမြဲငြင်းသည်။
အခုလည်း ဒီကိစ္စကြောင့်
စိတ်ဆိုးနေတာထင်ပါရဲ့။

တရားမဝင်ဇနီးWhere stories live. Discover now