Chapter (3)

753 143 0
                                    


လော့ဝမ်ချန် အံ့ဩသွားသည်။ သည်လိုမျိုး နောက်ခံကြီးမားကာ အာဏာပြင်းပုံရမည့်အမျိုးသားဟာ သူအလိုရှိသည့်အရာကို မရနိုင်၍ ဝမ်းနည်းနေသတဲ့လား။

သူ၏ အလိုလိုသိစိတ်က အလွန်အားကောင်းသည်။ဤမျက်စိတစ်ဖက်လပ်နှင့်အမျိုးသားဟာ သူထောင်ထဲမှာ မြင်ဖူးသမျှသော အကြမ်းတမ်း၊အရက်စက်ဆုံးရာဇဝတ်သားတွေထက်တောင် အန္တရာယ်များနိုင်မှန်း ခံစားမိနေ၏။ ထိုသူ့ကိုယ်ပေါ်က ရောင်ဝါတွေဟာလည်း သူဖုံးကွယ်ထားလျှင်တာတောင်မှ ဟိုင်နဥ်ရှိ အချမ်းသာဆုံးဟုဆိုအပ်သော လော့ခိုင်းဖန်းထက်ပင် အဆပေါင်းများစွာ ပြင်းထန်နေသေးသည်။

သူမေးလိုက်သည်။

"အဲ့ဒီလူက လူကြီးမင်းရဲ့ ချစ်သူလား"

မျက်စိတစ်ဖက်လပ်နှင့်အမျိုးသားက တည်ငြိမ်စွာ ပြန်ဖြေသည်။

"အင်း"

လော့ဝမ်ချန်၏ ထိုလူ့အပေါ်ထားသောအမြင်တွေက ရုတ်ချည်းပြောင်းလဲသွားကာ သူ လေးစားအားကျစွာ ဆိုလိုက်၏။

"ကျွန်တော့်အထင် လူကြီးမင်းက အတော်နူးညံ့သိမ်မွေ့တဲ့လူပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"

ထိုအမျိုးသားက မျက်ခုံးအနည်းငယ်ပင့်သွားကာ

"ဘာကြောင့်လဲ"

"နှလုံးသားနူးညံ့တဲ့လူတွေကသာ ခံစားချက်တွေလေးနက်ပြီး သူတို့ရဲ့အတိတ်ကချစ်ရသူတွေအပေါ် တွယ်ငြိနေတတ်ကြတာလေ။ ကျွန်တော်မြင်ဖူးသမျှ အာဏာရှင်တွေကတော့ ငွေကြေးဂုဏ်ဒြပ်နဲ့ ရုပ်ပိုင်းပိုင်ဆိုင်ရာ သာယာမှုကို ဦးတည်ထားတဲ့လူတွေချည်းပဲ။သူတို့ခံစားချက်တွေက သနားစရာကောင်းအောင်ကို မြုံနေကြတာ။ သူတို့နှလုံးသားထဲမှာရှိတာက ကံတရားနဲ့ ကျော်ကြားမှုပဲ။ တစ်စုံတစ်ယောက်ကိုစောင့်ဖို့မပြောနဲ့။ တစ်စုံတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘာမှန်းတောင်သိမှာမဟုတ်ဘူး"

အမျိုးသားက ရယ်လေသည်။ လော့ဝမ်ချန်မှာ ကြက်သေသေလျက်သား။ ခုမှ သူသတိပြုမိသည်။ သည်လူဟာ အတော်ကြည့်ကောင်း မဟုတ်သေး အတော်ချောမောလှပေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now