Chapter (20)

527 112 4
                                    


 
လူတိုင်းသည် ဆုံးဖြတ်ချက်ချပေးမည့်လူကို ခုမှရှာတွေ့လိုက်သည့်နှယ် လုပ်စရာရှိတာတွေကို ချက်ချင်းလှုပ်ရှားကြတော့သည်။
 
လော့ဝမ်ချန်ကို လုချုံ၏ ထိပ်တန်းစူပါကားထဲသို့ ဂရုတစိုက် ရွှေ့လိုက်ကြ၏။လုချုံဟာ
လိုက်ဖို့မလိုအပ်ပါသော်လည်း ကားဘေးတွင်ရပ်ကာ ခဏမျှတွေဝေနေပြီးမှ အထဲဝင်လိုက်လေသည်။

" မြန်မြန်မောင်း ”

“ ဟုတ်ကဲ့ "

ဒရိုက်ဘာသည် လေးနက်စွာပြန်ဖြေ၍ ကားကိုအရှိန်ပြင်းပြင်းမောင်းနှင်လိုက်တော့သည်။

နောက်ကထိုင်ခုံကို လော့၀မ်ချန်နှင့် ဆရာဝန်က နေရာယူထား၏။ လုချုံသည် အာဏာရှိလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်ဖူးခြင်းဖြစ်သည်။ သူသည် သေလူကဲ့သို့ ဖြူဖပ်ဖြူရော် လဲလျောင်းနေသော‌ လော့၀မ်ချန်ကို နောက်ကြည့်မှန်မှတဆင့် ကြည့်လိုက်သည်။ သတိမဲ့စွာ ညည်းညူသံကို ကြားရတိုင်း လုချုံမျက်မှောင်မှာ ကြုတ်၍လာ၏။ သူ့မျက်နှာမှာ ရေခဲလွှာတစ်ခု ရှိနေသကဲ့သို့ အေးခဲနေပြီး ပတ်ဝန်းကျင်ရှိ လေထုဖိအားမှာလည်း အလွန်နိမ့်ကျလျှက်ရှိသည်။

ဒရိုက်ဘာဖြစ်သူသည် သူ့ကိုဂရုတစိုက်ကြည့်ရင်း လန့်ဖျပ်ကာ အရှိန်တင်လိုက်တော့သည်။

မျှော်လင့်ထားသည့်အတိုင်း လမ်းတစ်ဝက်အရောက် လူနာတင်ယာဉ်နှင့်တွေ့လေသည်။ လူနာကိုချက်ချင်း လွှဲပြောင်းပေးခဲ့ကြပြီးနောက် အမျိုးမျိုးသော ပရော်ဖက်ရှင်နယ်ပစ္စည်းကိရိယာများကို လျင်မြန်စွာတပ်ဆင်ပေးလိုက်ကြပြီး တစ်ချိန်တည်းမှာပင် လူနာတင်ယာဉ်ဟာဆေးရုံသို့အမြန်မောင်းလာခဲ့လေသည်။

********

လော့၀မ်ချန် နိုးလာသောအခါ သူ့ကိုယ်သူ ပျော့ပျောင်းသောကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ လေထဲမှာတော့ ဆေနံ့များက ခပ်ဖျော့ဖျော့ ပျံ့လွင့်နေသည်။ အချိန်က ညပိုင်းပဲရှိသေးတာထင်ရှားသည်။ မျက်နှာကျက်မီးက ထင်းလင်းနေတာကြောင့် လော့ဝမ်ချန် သူ့မျက်လုံးများကိုပြန်မှိတ်ထားလိုက်သည်။ သူ့ခေါင်းက အနည်းငယ်မူးဝေနေသေးသည်။ ပျင်းလည်းပျင်းကာ ခွန်အားလည်းမရှိသလို လှုပ်လည်း မလှုပ်ချင်ပေ။
 
သူ့ကိုလာကယ်ကြသည့်အချိန်တုန်းက သူဟာ သတိရှိနေဆဲဖြစ်ကာ နိုးကြားနေဆဲဖြစ်သည်။ သည်တိုင်း သတိလစ်ချင်ယောင်ဆောင်ကာ ပြင်းပြင်းထန်ထန်နာကျင်နေသည့်ဟန် ပြခဲ့ရုံသာပင်။လုချုံ၏ အသံကိုကြားရချိန်မှာတော့ သူ့အစီအစဉ်က တစ်ဝက်လောက်အောင်မြင်သွားပြီဖြစ်ကြောင်းသိလိုက်လေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now