Chapter (19)

721 142 8
                                    

လုချုံသည် မတ်တပ်ထရပ်လိုက်ရင်း မီးပိတ်ကာထွက်သွားလိုက်သည်။သူ့နှလုံးသားထဲတွင် ရှုပ်ထွေးမှုသဲ့သဲ့ရှိနေ၏။ဖြတ်သွားဖြတ်လာလုပ်ရင်းနှင့်တွေ့ခဲ့သည့် ထိုလူငယ်လေးအပေါ် ဘာကြောင့်များ သည်လောက်စိတ်ရှည်မိသွားရသလဲဟူသည်ကို ကိုယ်တိုင်ပင်နားမလည်နိုင်ဖြစ်ရသည်။ထိုမျက်လုံးများကိုကြည့်မိချိန်ဆို သူ့မှာ ဘာတစ်ခုမျှမငြင်းဆန်နိုင်အောင် ဖြစ်ရလေသည်။

 ကြည့်ရတာ တကယ်ပဲ တူညီမှုတချို့ ရှိနေပုံပါပင်။

သူ၏မှတ်ဉာဏ်ထဲမှ ကောင်လေးသည် သန်မာပြီးခေါင်းမာတတ်သည်။ သူပျော်နေချိန်ဆို နေရောင်ထက်ကိုပို၍တောက်ပနေတတ်ပြီး သူဝမ်းနည်းသည့်အခါများတွင်ကား လုချုံသည်ထိုသူ၏ရှေ့တွင် ကမ္ဘာတစ်ခုလုံးအားပေးချင်မိသည်အထိပင်ဖြစ်ရသည်။

လုချုံမျက်လုံးများမှိတ်လိုက်ရင်း သူ့နှလုံးသားသည်လည်း ခပ်ဖွဖွခုန်နေခဲ့၏။ မျက်လုံးပြန်ဖွင့်ချိန်မှာမူကား မျက်နှာထားဟာ လူများအနားသို့ကပ်လာဖို့ ကြောက်ရွံ့သည့် နဂိုအခြေအနေ ​အေးစက်စက် မျက်နှာမည်းကြီးအဖြစ်သို့ ပြန်ရောက်သွားပြီဖြစ်သည်။

''အထဲသွားပြီး ခဏလောက်ကြည့်ခဲ့။ ပြီးတော့ အမူးပြေစွပ်ပြုတ်နဲ့ ပေါ့ပေါ့ပါးပါးစားစရာတချို့ ပြင်ဆင်ထားခိုင်းလိုက်''

သူ မန်နေဂျာကို ညွှန်ကြားပြီးနောက် အောက်ထပ်ကိုဆင်းသွားပြီး ထွက်သွားလိုက်တော့သည်။

............

 
အခန်းထဲတွင် လော့ဝမ်ချန်သည် တံခါးပိတ်သွားသည်နှင့်  မျက်လုံးများကိုဖွင့်လိုက်၏။ အခန်းထဲမှာတော့ အလင်းဖျော့ဖျော့သာလင်းသည့် နံရံကပ်မီးအိမ်တစ်ခုရှိနေသည်။  လော့၀မ်ချန် အလွန်ရှုပ်ထွေးသော မျက်လုံးများဖြင့် မီးအိမ်ကို ကြည့်လိုက်မိသည်။

လုချုံဟာ သူထင်ထားသည်ထက် ပို၍ကောင်းနေသည်။ သူ့ကြည့်ရသည်မှာ လူကောင်းပုံပေါက်ပြီး လွယ်လွယ်နှင့်ဒေါသထွက်သည့်ပုံလည်းမပေါ်ချေ။ 

လော့ဝမ်ချန် သူ့ကိုယ်သူ လုချုံနေရာမှာ ဝင်ခံစားကြည့်လိုက်သည်။ သူ့ထံ၌ အကြင်နာတရား ရှိသည်ဆိုလျှင်တောင် အမူးသမားနှင့်တွေ့ပါက ရူးရူးမရူးရူး အမူးသမားက အမူးသမားသာဖြစ်သည်မို့ အရက်နံ့တွေရှူရပြီး အဓိပ္ပါယ်မရှိစကားများပြောနေသည်ကို နားထောင်နေရရုံဖြင့်ပင်လျှင် ထိုကဲ့သို့သောသူအား စိတ်ပျက်တော့မည်ဖြစ်သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now