Chapter (12)

623 137 5
                                    

လော့ဝမ်ချန် ခေါင်းလှည့်ကြည့်လိုက်ရင်း ကြက်သေသေသွားတော့သည်။

''မန်နေဂျာ!''

လျိုဝေကျစ်သည် သူ့အားပြုံးကြည့်ကာဖြင့်

''ရှောင်လော့... အားကေကို ကော့တေးနည်းနည်းစပ်ခိုင်းပြီ လာပို့ခိုင်းလိုက်ဦး။သူငယ်ချင်းဟောင်းတွေ ရောက်နေတာကို ဘာလို့ ကောင်းကောင်းဧည့်မခံရတာတုန်း"

အားကေသည်ကား နယ်ပယ်ထဲတွင် ရွှေဆုရနာမည်ကြီး အဖျော်ဆရာတစ်ယောက်ပင်ဖြစ်ချေ၏။ 'ရွှေကျက်သရေ'တွင်တော့ သူသည် အရေးကြီးဧည့်သည်များအတွက်သာ သောက်စရာလုပ်ပေးလေ့ရှိပြီး သာမန်သောက်စရာများကိုတော့ သူ၏အလုပ်သင်နှစ်ယောက်မှ ဖျော်စပ်ပေးလေသည်။

ဤသည်ကိုကြားသိလိုက်ရစဥ် လော့ဝမ်ချန် အံသြတုန်လှုပ်သွားသည်။လျိုဝေကျစ်သည် ဒီနေရာမှာ သူ့ဘက်မှ ရပ်တည်ပေးလာမည်ဟု မမျှော်လင့်ခဲ့ချေ။ဒုတိယမျိုးဆက်လူချမ်းသာဖြစ်သည့် လူရွယ်လော့ဝမ်ကျွင်းသည် အားကေက ဝန်ဆောင်မှုပေးရလောက်အောင် အရည်အသွေးမရှိပေ။ဤသည်ကား လျိုဝေကျစ် သူ့အား မျက်နှာသာပေးခြင်းပင်ဖြစ်လေသည်။

လျိုဝေကျစ်က တစ်ဖန်ပြုံးလိုက်ပြီး လော့ဝမ်ကျွင်းနှင့် ကျန်သူများအား ပြောလာသည်။

'' ရှောင်လော့က ကျွန်တော်အားထားရတဲ့ ဝန်ထမ်းလေ။ မင်းတို့က ရှောင်လော့ရဲ့သူငယ်ချင်း ဆိုမှတော့ မင်းတို့ကို ဒီနေ့ 30% ဒစ်စကောင့်ပေးလိုက်မယ်''

မြင်ကွင်းက ငြိမ်ကျသွားကာ ကျောက်ကျန့်ဖဥ်နှင့် တခြားသူများ၏မျက်နှာထားက တောင့်တင်းကုန်သည်။သူတို့ဟာ လော့ဝမ်ချန်အထီးကျန်ပြီး အကူအညီမဲ့နေပုံကို မြင်နေကျဖြစ်ရာ သူ့အားဒုက္ခပေးဖို့ လာခဲ့ကြတာဖြစ်သည်။လျိုဝေကျစ်ထွက်ပေါ်လာမည်အား သူတို့မမျှော်လင့်ထားခဲ့ချေ။

ဘားမန်နေဂျာတစ်ယောက်အတွက် သူ၏လက်အောက်ရှိအလုပ်သမားများ မကိုင်တွယ်နိုင်သည့်အခက်အခဲများနှင့်ရင်ဆိုင်ရသည့်အခါ ရှေ့ထွက်ရပ်တည်ပေးသည်က ပုံမှန်လိုပင်ဖြစ်စေကာမူ လျိုဝေကျစ်မှာမူ ပါးစပ်ဟလိုက်သည်နှင့် လော့ဝမ်ချန်အားသူ့အတောင်အောက်၌ထားပြီး ကာကွယ်လိုသည့်လေသံပေါက်နေလေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now