Chapter (22)

525 100 2
                                    

အစမှအဆုံးထိ တိုက်ဆိုင်လွန်းပြီး သူ့အပေါ် သက်ရောက်မှုက ကြီးမားလွန်းလှသည်။ လော့ဝမ်ချန်သာ သေလုနီးပါးမဖြစ်ခဲ့ပါက ဤလူဟာ သူ့ထံ ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့လေသလားဟုပင် သံသယဖြစ်မိလောက်သည်။

 သို့သော်လည်း ထိုကောင်လေးဟာ အသက်နှစ်ဆယ်ကျော်ကျော်လေးမှာပင် သေလုနီးပါးဖြစ်ခဲ့သည့်အကြောင်းအား တွေးမိသွားပြန်တော့ လူချုံစိတ်ထဲမယ် ဘာသံသယမှ မရှိတော့ဘဲ သးစိတ်တွေသာ လွှမ်းခြုံသွားရတော့သည်။

သူက ပန်းခင်းဘေးမှာ ပေါ့ပေါ့ပါးပါးထိုင်ချလိုက်သည်။ သူ၏ မြင့်မြတ်လှသော ရောင်ဝါက လူတွေအား ထိုလူဟာ ဈေးကြီးလှသော သရေဆိုဖာပေါ်မှာ ထိုင်နေသလားဟုပင် ထင်မှတ်သွားရစေ၏။ သူက နံဘေးနားသို့ ညွှန်ပြရင်း
 
‘’ထိုင်လေ။ မင်းနေကောင်းလာပြီလား"

လော့ဝမ်ချန်က ခပ်တောင့်တောင့်ဖြစ်စွာဝင်ထိုင်ချလိုက်သည်။

‘’ဆရာဝန်က ကျွန်တော်ဆေးရုံဆင်းလို့ရပြီပြောတယ်။အဲ....ကျွန်တော်ဆေးရုံတက်တဲ့ညတုန်းက လူကြီးမင်းလု လာသေးတယ်မလား။အဲ့အချိန်တုန်းက ကျွန်တော့်ခေါင်းက ရှင်းရှင်းလင်းလင်းမဖြစ်သေးတော့ ကျွန်တော်ဘာတွေပြောခဲ့မိမှန်း မမှတ်မိတော့ဘူး။ခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင်.......ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါနော် လူကြီးမင်းလု’’

 သူဟာထိုလူ့ကို ဖက်ထားလျက် အနှစ်သိမ့်ခံချင်ဟန်ဖြင့် ’’ကျွန်တော်က ခင်ဗျားရဲ့ပျောက်သွားတဲ့ညီလေးပါ’’ ဟုပြောနေခဲ့သည်အား သူ့စိတ်ထဲမှအမှတ်ရမိသည့်အချိန်တိုင်း၌ ရှက်ရွံတုန်လှုပ်ကာ ယောက်ယပ်ခတ်နေမိလေသည်။

လူငယ်လေး၏ဖြူဖွေးပြီးနူးညံသောမျက်နှာသည် ရှက်သွေးဖြန်းကာနှင့် စိုးရိမ်ပူပန်နေလျက်ရှိသောကြောင့် လုချုံသည် သူ့အားမစဘဲမနေနိုင်တော့ချေ။

‘’မင်းက ကိုယ့်ကိုဘယ်လိုစိတ်အနှောင့်အယှက်ဖြစ်စေတာမလို့လဲ’’

လော့ဝမ်ချန်သည် ရှက်လွန်းလှသဖြင့် လက်ညှိုးကိုဆန့်ထုတ်ကာသာ မျက်နှာကို ကုတ်ခြစ်နေမိပြီး အဖြေမပေးနိုင်ပေ။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now