Chapter (9)

634 146 2
                                    

မတူညီသော အဆင့်အတန်းနှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာက မတူညီသောအရာများဆီ ဦးဆောင်သွားတတ်သည်ပင်။

ရှောင်ချန် လော့ဝမ်ချန်အားကြည့်စဥ်က မြင်ခဲ့ရသည်ကား သူ၏ အေးဆေးတည်ငြိမ်သော စိတ်နေသဘောထားသာဖြစ်၏။

လုချုံ၏မျက်လုံးထဲတွင်တော့ ဤကလေးက ထုံထုံထိုင်းထိုင်းနှင့် အနိုင်ကျင့်ရလွယ်ပုံပေါက်နေပေလေသည်။

ဒါပေါ့... ထိုညကထက်တော့ ယခုပိုကြည့်ကောင်းနေပြီး ငတ်မွတ်နေပုံလည်း မပေါက်နေခဲ့ပါချေ။

လုချုံ သူ့အားတစ်ခေါက်ထပ်ကြည့်လိုက်ရင်း သူ့မျက်လုံးများက မသိမသာနူးညံ့သွားပြီးနောက် လှည့်ထွက်သွားလေသည်။

လော့ဝမ်ချန်မှာတော့ စိတ်ပျက်လက်ပျက် ခါးခါးသီးသီးပြုံးလိုက်သည်။ သူသေသေချာချာမှတ်မိနေသည့်အရာက တစ်ဖက်လူအတွက် မည်သည့်ခံစားချက်မှ ရှိမနေခဲ့။ သူ့အတွက်အခက်အခဲတွေကို ကျော်လွှားနိုင်စေခဲ့သော ကြင်နာသည့်ကူညီမှုဟာ တစ်ဖက်လူ စိတ်ကောင်းဝင်နေချိန်မှာ ပြုခဲ့သော သာမန်ကာလျှံကာ လုပ်ရပ်တစ်ခုဖြစ်နေလေသည်။

လော့ဝမ်ချန်မှာ စိတ်ဓါတ်ကျသွားကာ သူ့စိတ်သည်လည်း အရက်ကြောင့် ရီဝေနေ၏။ ခန္တာကိုယ်တစ်ခုလုံးဟာဖြင့် မွန်းကြပ်ခွေယိုင်နေသော်လည်း သံမဏိလိုပြန်မတ်၍ ဘားဆီ ပြန်လာခဲ့လိုက်လေသည်။

''ရှောင်လော့....မင်းပြန်လာပြီပဲ.....ဟိုးနား​လေးမှာ မင်းကိုပဲ လိုချင်တယ်ဆိုတဲ့ဧည့်သည်တွေရှိနေတယ်''

စားပွဲထိုးခေါင်းဆောင်သည် လော့ဝမ်ချန်ကိုမြင်သော် လက်ဝှေ့ယမ်းပြရင်း သူ့အားထူးဆန်းသလိုအကြည့်ဖြင့် ကြည့်လာလေသည်။

လော့ဝမ်ချန် ရောက်လာပြီးနောက် သူတို့ဘား၏ စီးပွားရေးက အလျင်အမြန်တိုးတက်လာခဲ့သည်ဖြစ်ရာ နေ့စဥ်နေ့တိုင်း သူ့အားတွေ့ရန် လူအများအပြားရောက်လာခဲ့ကြသည်။စားပွဲထိုးခေါင်းဆောင်၏လစာသည် နေ့စဥ်ဘောက်ဆူးများနှင့် ဆက်စပ်နေလေရာ ထို့အချက်ကြောင့် လော့ဝမ်ချန်အား သဘောကျသလိုရှိသော်လည်း လော့ဝမ်ချန်ကြောင့် ပြဿနာရှာသော ဧည့်သည်များကိုလည်း သူ့မှာ အမြဲတစေ စောင့်ကြည့်ပေးနေရပြန်သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now