Chapter (13)

613 127 0
                                    

ခုချိန်ထိ တစ်ချိန်လုံး တိတ်ဆိတ်ကာ ခေါင်းငုံ့နေခဲ့သော ဝေ့ရှင်းဟန်က ခေါင်းမော့လာကာ လော့ဝမ်ချန်အား တစ်ချက်ကြည့်မိချိန်၌ အကြည့်မလွှဲနိုင်တော့ချေ။ သူ၏အကြည့်ဟာ လော့ဝမ်ချန်၏ငွေရောင် vest ဝတ်ထားသော သေးသွယ်သောခါးသို့ရွေ့လျားသွားပြီးနောက်မျက်လုံးများက မည်းမှောင်သွားလေသည်။

ကျန်းသုဥ်း၏မျက်နှာကတော့ အလွန်တရာမှ ပျက်ယွင်းနေလေ၏။ လော့ဝမ်ချန်၏ လျစ်လျူရှုကာ အထင်အမြင်သေးသည့်ပုံသည် သူ့အား အလွန် ဒေါသထွက်စေသည်။

ဘယ်ဥက ပေါက်မှန်းမသိသော အယောင်ဆောင်ကောင်က သူ့ကို နှစ်အကြာကြီး လွှမ်းမိုးအနိုင်ယူတာ ခံခဲ့ရသည်။ခုများဖြင့် အယောင်ဆောင်ကောင်ကို နှစ်များစွာ ကိုးကွယ်မိခဲ့သည့်သူ့အား မလှောင်ပြောင်သောလူဟူ၍မရှိ။ မျက်လုံးတွေက ရွံ့ပိတ်နေသလားဟုပင် ပြောကြသေးသည်။

သူ သည်တိုင်းတော့ ငြိမ်ခံမနေနိုင်ပါချေ။

လျိုဝေကျစ်သူ့အနား၌ရပ်နေလျှင်တောင် သူကတော့ လော့၀မ်ချန်တစ်ယောက် သူ့ကိုယ်သူလူရယ်စရာဖြစ်အောင်လုပ်မည့်အဖြစ်အား ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူက လှောင်ပြုံးပြုံးလိုက်ရင်း။

''ဒီမှာ တစ်ခွက်ရှိသေးတယ်။ဒါပေမဲ့ မင်းသောက်နိုင်တယ်ဆိုရင်တောင် ဒီအလုပ်က မင်းနဲ့သင့်တော်တယ်လို့ ငါမထင်ဘူး။ငါတို့က ညီအစ်ကို‌တွေပဲလေ။ငါတို့နဲ့ လိုက်ခဲ့ပေါ့။ ငါဆိုတဲ့ ကျန်းသုန်းက လက်ထဲမှာ ဆန်တစ်ဆုပ်ရှိရင် မင်းဆိုတဲ့ လော့ဝမ်ချန်အတွက် ဆန်ပြုတ်တစ်ခွက်ကတော့ ရစေရမယ်ကွာ"

လော့ဝမ်ချန်သည် ဟက်ခနဲ ရယ်ကာ သူ့အားကြည့်ရင်း ကော့တေးနောက်တစ်ခွက် ယူလိုက်လေသည်။

''ငါ ဒီခွက်ကို သူ့အစားသောက်ပေးမယ်''

ဝေ့ရှင်းဟန်က ရုတ်တရက် ထရပ်လိုက်သည်။ လူတိုင်းအာရုံက သူ့အပေါ် ရောက်သွား၏။ သူက ခုနှစ်ရောင်ခြယ်သက်တံ့ကော့တေးနောက်တစ်ခွက်ကို လှမ်းယူလိုက်သည်။ တောက်လောင်နေသော အကြည့်များကတော့ လော့ဝမ်ချန်အပေါ်ကနေ ရွေ့မသွား။ သူက ဖြည်းဖြည်းချင်း ထပ်ပြောလာသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now