Chapter (10)

653 142 2
                                    

တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လာသော်လည်း သူစားပွဲသို့မရောက်မီ လော့၀မ်ကျွင်းက လျင်မြန်စွာ ထရပ်လိုက်ပြီး ခေါ်လာလေ၏။

" အာ့ကော!  "

 စိုးရိမ်ကြောင့်ကြနေတဲ့အကြည့် စိတ်လှုပ်ရှားနေပေမဲ့ ပျော်ရွှင်နေတဲ့အမူအရာ.......

လော့၀မ်ချန် သူ့နှလုံးသားထဲကနေ လှောင်ရယ်လိုက်မိသည်။

သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က တကယ်မဆိုးဘူးပဲ။

သူမျက်လွှာချလိုက်ရင်း ခါးကိုင်းကာ ဗန်းထဲကကော့တေးနှစ်ခွက်ကို ဖန်စားပွဲပုပေါ် သို့ တင်လိုက်သည်။

 " လူကြီးမင်းမှာထားတဲ့သက်တန့်ခုနစ်ရောင်ကော့တေးရပါပြီ။ ကျေးဇူးပြုပြီးသုံးဆောင်ပါ "

သူလှည့်ထွက်သွားဖို့ လုပ်လိုက်ပေမဲ့လည်း ကျိန်းသေပေါက်ကို မရခဲ့။ ကျောက်ကျန့်ဖဉ်က ခြေတစ်လှမ်း ပိုမြန်သွားပြီး သူ့ပုခုံးပေါ် လက်ကိုတင်ကာ

 " အားချန်မင်းဒီမှာ နေတာကျင့်သားရနေပြီလား?  သခင်လေးကျွင်းက မင်းဒီမှာအလုပ်လုပ်နေတာကိုသိပြီး အရမ်းစိုးရိမ်နေခဲ့တာ၊  မင်းတို့ ညီအကိုတွေထိုင်ပြီး စကားပြောကြပါဦးလား "

 ကျောက်ကျန့်ဖဉ်သည် သန်မာသော ယောက်ျားတစ်ဦးဖြစ်တာကြောင့် သူ့၏ဆုပ်ကိုင်ထားမှုကနေ ရုန်းထွက်ဖို့မဖြစ်နိုင်ကြောင်း လော့၀မ်ချန် ခံစားမိလိုက်သည်။

ကျောက်ကျန့်ဖဉ်၏ အသံနှင့် အမူအရာများတွင်လည်း ဒေါသနှင့်လှောင်ပြောင်သရော်လိုခြင်းများပါနေသည်ကိုပါ သူသတိပြုမိလိုက်၏။ ယခင်တစ်ခေါက် လာလည်စဥ်တုန်းကတော့ ယခုလိုပုံစံမရှိခဲ့သေးပါချေ။

ကြည့်ရတာကျောက်ကျန့်ဖဉ် နောက်ထပ်ဟန်ဆောင်တော့မည့်ပုံ မပေါ်တော့။

ကျန်းသုန်းကလည်း ပြုံးကာ ဝင်ပြောလာသည်။

 " ဟုတ်တယ်အားချန်၊ ဦးလေးလော့က သခင်လေး‌ကျွင်းကို အရမ်းတင်းကြပ်တယ်ဆိုတာ မင်းသိတာပဲမဟုတ်လား။သူအပြင်ထွက်လာဖို့က အရမ်းခက်ခဲတာ။ တစ်ခုခုလေး ပြောပါဦးလား"
 
လော့၀မ်ချန် ခေါင်းကို မော့လိုက်ရာ ကျန်းသုန်း၏ မျက်လုံးများကို တွေ့လိုက်ရသည်။ သူတို့တွေ၏ ဖုံးကွယ်ထားသော အငြိုးအတေးများကို ရင်ဆိုင်ရင်း လော့၀မ်ချန်၏ အကြည့်များ တဖြည်းဖြည်း အေးစက်လာခဲ့သည်။ ဟိုင်နဉ်ကသခင်လေး လေးယောက်ထဲတွင် ကျန်းသုန်းသည် အခြေခံအားဖြင့် မကောင်းသောအကြံဉာဏ်များကို အမြဲပေးသောသူဖြစ်သည်။ လော့၀မ်ချန် လူတွေကိုတိုက်ခိုက်ပြီး ကားမောင်းပြိုင်တာတွေကို ကျန်းသုန်းက အားပေးခဲ့တာဖြစ်၏။ သူက လော့၀မ်ချန်ကောင်းဖို့အတွက် လုပ်ဆောင်ပေးနေသယောင် ထင်ရသော်လည်း တကယ်တမ်းတော့ လော့၀မ်ချန်အတွက် ဒုက္ခတွေရှာပေးနေခဲ့တာပဲဖြစ်သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now