Chapter (18)

1K 153 20
                                    

 
လော့ဝမ်ချန်သည် လုချုံ၏ လက်ကိုဆုပ်ကိုင်ကာရှိသမျှခွန်အားဖြင့် တန်ဖိုးကြီးအင်္ကျီ၏ လက်အနားစကို မလွတ်စတမ်းဆွဲထားလိုက်သည်။ သူခေါင်းကို မော့ပြီး တောက်ပစွာ ပြုံးပြလိုက်၏။

“ ကျွန်တော် အိမ်ပြန်လမ်းရှာမတွေ့တော့လို့ လိုက်ပို့ပေးပါလားဟင်"

သက်တော်စောင့်တဖြစ်လဲ ဒရိုက်ဘာမှာ လန့်ဖြန့်လွန်ပြီး ရူးမလိုတောင် ဖြစ်သွားရသည်။

ဘယ်ကမှန်းမသိ ထွက်လာသည့်လူက သူ့သခင်ကိုဖမ်းဆွဲထားသည်။ ရန်သူသာဖြစ်နေပါလျှင်…..

သူလော့၀မ်ချန်ကို မြန်မြန်ဆွဲဖယ်ဖို့ ကြိုးစားလိုက်သည်။ လုချုံသည် သူ့အင်္ကျီလက်ပေါ်ရှိ ဖြူဖျော့သောလက်ကို ကြည့်ကာခဏမျှ ငြိမ်သက်နေပြီးမှ လေးနက်စွာ မေးလိုက်သည်။

“ မင်းဘယ်မှာနေတာလဲ”

ဒရိုက်ဘာမှာ ကြက်သေသေသွားရင်း သူ့လက်တွေက လေထဲမှာ အေးခဲသွားတော့သည်။

သူ့သခင်က ဘာပြောလိုက်တာ။ ဒီအရက်မူးသမားကို သူတကယ်ကြီး စကားပြန်ပြောနေတာလား!

အိုင်း! ဟုတ်သား တခြားလူကို ထိရတာမကြိုက်တဲ့ သူ့သခင်က ဒီလူ့ကို ကိုယ်တိုင်ကမ်းလှမ်းနေပါရောလား!

သူတို့တစ်ယောက်နဲ့တစ်ယောက်သိနေကြတာများလား။

လော့၀မ်ချန်က ခေါင်းကိုငဲ့စောင်းလိုက်ရင်း

" ဟုတ်ပ၊ အာ ..ကျွန်တော် ဘယ်မှာနေတာပါလိမ့်..... "

ဒရိုက်ဘာကသူ့ကို ဂရုတစိုက်သတိပေးလိုက်သည်။

 “လူကြီးမင်း... သူ့ကိုဆေးရုံပို့လိုက်တာ ပိုကောင်းမယ်ထင်တယ်။သူ့ကြည့်ရတာအရမ်းမူးနေမှန်းသိသာတယ် ”

လော့၀မ်ချန် ချက်ချင်းပင် ဝင်ပြောလိုက်၏။

“ မဟုတ်ဘူး။ကျွန်တော် ဆေးရုံကိုမသွားဘူး၊ ကျွန်တော်ခဏလောက်အိပ်လိုက်ရင်ပြန်ကောင်းသွားမှာ! "

သူ လုချုံကို သူ၏စိုစွတ်နေသော မျက်လုံးများဖြင့် သနားစဖွယ် ကြည့်လိုက်၏။

 " ကျွန်တော့်ကိုဆေးရုံမပို့ပါနဲ့၊ ကျွန်တော်အရမ်းသတိရှိပါတယ်၊ ဆေးရုံကိုသွားစရာ မလိုပါဘူး "

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now