Chapter (15)

589 141 1
                                    



လူအုပ်ကြီးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ လော့၀မ်ကျွင်းက ဒီလိုတွေပြောလိမ့်မည်ဟု ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြပေ။ လော့၀မ်ကျွင်းကို မသိသူက အနည်းငယ်သာရှိချင်ရှိမည်။သူ့ကို မြင်ဖူးသူတိုင်း သူ့အကြောင်း ကြားဖူးသူတိုင်းက သူဟာ အပြစ်ကင်းစင်ပြီး အရိုးခံလေးဟုသာ ထင်ကြလေ၏။

ခုနလေးတင်ပင် သူဟာ လော့၀မ်ချန်ကို ညင်သာစွာ ချော့မော့နေတာဖြစ်သည်။ မသိလျှင် တကယ့်ညီအစ်ကိုကောင်းတွေလိုပင်။

ကော့တေးနှစ်ခွက်လောက် သောက်ပြီးသည်နှင့် သူ့ပုံစံအစစ်အမှန်ကို ဖော်ထုတ်လာမည်ဟု မည်သူကထင်ပါအံ့နည်း။

ပြီးတော့ အဆင့်အတန်းနိမ့်ကျတဲ့သူ ဆိုတာကရော ဘာအဓိပ္ပါယ်တုန်း။

လော့ဝမ်ကျွင်း၏ bartender တစ်ယောက်လုပ်ခြင်းအပေါ် အထင်အမြင်သေးသည့် လေသံနှင့် လော့မိသားစု၀င်ဖြစ်ရခြင်းအတွက် ဂုဏ်မောက်နေသည့် သူ၏လေသံကိုနားထောင်ရုံဖြင့်ပင် သိနိုင်ပေလေသည်။

"ရွှေကျက်သရေ" ကိုလာရောက်ကြသူအများစုသည် သာမန်မဟုတ်သော်လည်း လော့၀မ်ကျွင်း၊ ကျောက်ကျန့်ဖဉ် နှင့်အခြားသူများလို မိသားစုလုပ်ငန်းကြီးရှိကြသောသူတွေမဟုတ်ကြပေ။ ဤနေရာရှိဧည့်သည်အများစုမှာ ချမ်းသာသော နောက်ခံမရှိသည့် ကော်လာဖြူအလုပ်သမားများသာဖြစ်သည်။

လော့၀မ်ကျွင်း၏ လော့၀မ်ချန်ကို စော်ကားမော်ကားပြောသောစကားများ၌ သူတို့ပါ သိမ်းကျုံးပါသွားပြီ ဖြစ်၏။

ရုတ်တရက် လူတော်တော်များများက မျက်မှောင်ကြုတ်လာရင်း လော့၀မ်ကျွင်း ကို အေးစက်စွာ ကြည့်လာကြလေသည် ။

အထူးသဖြင့် အားကေအပါအဝင် bartender များနှင့် စားပွဲထိုးများဟာ လော့၀မ်ကျွင်းကို ချက်ချင်းပင် ရွံရှာသွားတော့သည်။

လော့၀မ်ချန်သာလျှင် မတုန်မလှုပ်တာဖြစ်သည်။ သူ့နောက်ကျောကို တည့်တည့်မတ်ထားပြီး လော့၀မ်ကျွင်းအား ဆင်ခြင်တုံတရားမဲ့နေသည့် ကလေးတစ်ယောက်ကို ကြည့်နေသည့်နှယ် ပေါ့ပေါ့ပါးပါးဖြင့်

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now