Chapter (11)

669 140 0
                                    

 
လော့ဝမ်ကျွင်းနှင့် လော့ဝမ်ချန်တို့ထဲက တစ်ယောက်က သေးသွယ်ပြီး ချောမောလှပသော ဆယ်ကျော်သက်ပုံစံရှိ၍၊ နောက်တစ်ယောက်ကတော့ ပိန်ပါးကာ အေးစက်စက်ပုံစံရှိသည်။ တစ်ယောက်ကတော့ ဝတ်ကောင်းစားလှဝတ်ထားသော ဧည့်သည်တစ်ဦးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကိုယ်ကြပ်ဝတ်စုံယူနီဖောင်းဝတ်ထားသည့် ဘားစားပွဲထိုးတစ်ယောက်ဖြစ်၏။

တစ်ယောက်ဆီမှာ ထူးခြားသောစတိုင်တွေရှိကြကာ သူတို့တွေမျက်နှာချင်းဆိုင် ရပ်နေကြပုံမှာ ဒီရေတွေတဟုန်ထိုးတက်လာသလို အလွန်ထင်ရှားနေလေသည်။ တဖြည်းဖြည်းနှင့်သူတို့ကိုကြည့်သောလူတွေ ပိုများလာကာ တချို့ဆို လေတောင်ချွန်လာကြလေသည်။

လော့၀မ်ချန်က စိတ်နှင့်ကိုယ် ပြန်ကပ်စေရင်း ပြောလိုက်၏။

" ငါ့မှာအလုပ်ရှိသေးတယ်၊ မင်းတို့ပျော်လိုက်ကြဦး "

ကျန်းသုန်းသည် လော့၀မ်ကျွင်းကို အသုံးချပြီး လော့၀မ်ချန်ကို အရှက်ရစေချင်တာကြောင့် သူ့ကိုဘယ်မှာ လွယ်လွယ်နှင့် လွှတ်ပေးနိုင်ပါအံ့နည်း။

 " အားချန် မင်းထွက်သွားဖို့ကို ဘာကိစ္စ အလျင်လိုနေရတာလဲ?၊ ထိုင်ပြီးစကားပြောကြရ‌အောင်၊ မင်းအရက်သောက်တာ တော်တယ်လို့ ငါကြားတယ်၊ လာစမ်းပါ နှစ်ခွက်လောက်သောက်ရအောင်...."

လော့၀မ်ကျွင်းက ကမန်းကတန်းဝင်ပြောလာ၏။

 " သုန်းကော ဒါတော့မဖြစ်ဘူး၊ အာ့ကောကအရက်မသောက်နိုင်ဘူး။ သူ့အရက်ဒဏ်ခံနိုင်စွမ်းက အရမ်းညံ့တယ် ”

ကျောက်ကျန့်ဖဉ်ကထိုစကားအား လိုက်နင်းကာဖြင့်

 “ မဖြစ်နိုင်တာ? အားချန် နေ့တိုင်းအများကြီးသောက်ပြီး သူတစ်ခုခုဖြစ်တာကိုငါမတွေ့ဖူးသေးပါဘူး၊ ဟုတ်တယ်မလားအားချန်? "

လော့ဝမ်ချန်က ရင်းနှီးနေသော ထိုမျက်နှာများကို တစ်ချက်ကြည့်လိုက်သည်။သူတစ်ပါးကိုအရှက်ခွဲဖို့ရာအတွက် သူတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သွားမှာစိုးရိမ်နေကြသလို ဖြစ်နေကြသော မျက်နှာများပါပင်။

 " နောက်တစ်ခေါက်မှပေါ့၊ ငါ့မှာအခုလုပ်စရာရှိသေးတယ် "

" နောက်တစ်ခေါက်မဟုတ်ဘူး၊ အခုပဲသောက်ကြရအောင် "

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Donde viven las historias. Descúbrelo ahora