Chapter (6)

670 129 0
                                    

လော့၀မ်ဟောင် မတ်မတ်ထိုင်လိုက်ရင်း

 " တကယ်လား? "

" နောက်ဆုံးရသတင်းပါခင်ဗျ။ ဥက္ကဋ္ဌလော့ …ဒုတိယသခင်လေး ထွက်ပြေးသွားတဲ့ ကောင်းယန် လမ်းဆုံမှာ ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ကားပိုင်ရှင်ကကန်းချီလဲ့တဲ့၊ သူအခုထိ ဆေးကုသမှုခံယူနေရဆဲပါ "

လော့၀မ်ဟောင်မှာ မျက်မှောင်ကြုတ်ကာ

 " ကန်းချီလဲ့? ချန်ကျင့်ချိုးရဲ့ယောက်ဖမလား၊ ဘယ်သူကသူ့ကိုထိရဲရတာလဲ? "

ချန်မိသားစုသည် မြို့တော်တွင် လုမိသားစုနှင့်ယှဉ်နိုင်သည့် မိသားစုကြီးတစ်ခုဖြစ်သည်။ လွန်ခဲ့သောဆယ်နှစ်လောက်ကစပြီး လုမိသားစုသည် လုကျိုယယ်၏ရာထူးကြောင့် ထွန်းကားလာခဲ့ကာ ချန်မိသားစုကို နောက်ကောက်ချန်ထားခဲ့၏။ သို့ငြား ချန်မိသားစု ၌ရာစုနှစ်ချီကြာသော အမွေအနှစ်များ ရှိသေးရာ ချန်ကျင့်ချိုး နာမည်ဟာဖြင့် မည်သူမဆို အထင်သေးရသော နာမည်တော့ ဟုတ်မနေချေ။.

သို့သော်လည်း လော့၀မ်ဟောင်ကတော့ အလေးအနက်မထားပေ။ အကြောင်းကတော့ ချန်ကျင့်ချိုး၏‌ယောက်ဖဟာ လုပ်ရည်ကိုင်ရည်မရှိသောလူ ဖြစ်သောကြောင့်ပင်။ 

ကန်းချီလဲ့သည် လွန်ခဲ့သောနှစ်အနည်းငယ်က မြို့တော်ရှိ တစ်စုံတစ်ဦးအား စော်ကားခဲ့ပြီး ထို့ကြောင့်ပင် ချန်ကျင့်ချိုးဟာ ဟိုင်နဥ်၌ အိမ်ခြံမြေကုမ္ပဏီတစ်ခုဖွင့်ရန် စေလွှတ်ခဲ့ပေသည်။ 

၎င်းကိစ္စအတွက် ချန်ကျင့်ချိုး လူများဟာ လော့မိသားစုကိုတောင် အထူးတလည် ပြောပြခဲ့သေး၏။လော့၀မ်ဟောင်သည် ကန်းချီလဲ့၏ ဖင်ကိုမကြာခဏ သုတ်ပေးရလေ့ရှိတာကြောင့် ယခုကားမတော်တဆမှု ဖြစ်သည်ကို သိရသောအခါ သူအလွန်၀မ်းသာလျှက်ရှိလေသည်။

လက်ထောက်ကပြောလာပြန်သည်။

 " ဒီကိစ္စကို  လှုပ်ရှားခိုင်းတာက ချန်ကျင့်ချိုးပါတဲ့ "

လော့၀မ်ဟောင်မှာ စိတ်ဝင်စားသွားရင်း

  " ဘာကြောင့်လဲ? "

လက်ထောက်က သူ့ဖုန်းမှလက်ခံရရှိထားသော အချက်အလက်များကိုကြည့်ပြီး

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now