Chapter (24)

462 77 1
                                    


လော့၀မ်ချန်သည် ယခင်က အိမ်မွေးတိရိစ္ဆာန် တစ်ကောင်မှ မမွေးခဲ့ဖူးသလို တိရိစ္ဆာန်တွေကိုလည်း သိပ်ပြီး မချစ်တတ်ချေ။ သို့ပေမဲ့ ဤကြောင်ကြီးကတော့ သူနှင့် ကီးကိုက်ပုံ(သဟဇာတဖြစ်)ရသည်။ စတွေ့တွေ့ချင်း ခုန်အုပ်ခံရပြီး လက်သည်းဖြင့် အကုတ်ခံရတာတောင် သူ ဒေါသမထွက်မိပေ။ ကြည့်ရတာ ထိုကြောင်မကြီးဆီကနေ ဘာအမုန်းတရားမှ မခံစားမိ၍လည်း ဖြစ်နိုင်လေသည်။

ကြောင်ကြီး၏ သနားစရာအမူအရာကို မြင်ရတော့ လော့၀မ်ချန် တောင့်မခံနိုင်တော့ပေ။ သူ လုချုံကိုမေးလိုက်သည်။

" သူဘာလို့ ကျွန်တော့်ကိုပဲ ကြည့်နေတာလဲ "

လုချုံက ကြောင်ကြီးအား ဖျတ်ခနဲပြန်ကြည့်ရင်း

" သူ့ကိုလျစ်လျူရှုလိုက်၊ သူအမှားတစ်ခုခုလုပ်မိတိုင်း အဲ့ဒီလိုသနားစရာကောင်းအောင်ဟန်ဆောင်တတ်တယ် "

လုချုံစိတ်ထဲမှာလည်း အနည်းငယ်ဒေါသထွက်နေမိသည်။ နံရိုးလေးက သူ့သားသမီးကဲ့သို့ပင် ဖြစ်သည်။။ သူမကအမြဲတမ်းမောက်မာပြီး ​ရိုင်းပေမဲ့ ပင်ကိုယ်သဘာဝက နာခံကာ စကားနားထောင်၏။ သည်လိုရန်လိုသည့် အပြုအမူမျိုးကို ပြလာချိန်မှာ ဘယ်မိဘကမှ ဝမ်းသာနိုင်မည်မဟုတ်ချေ။

သို့ပေသိ တစ်ချိန်တည်းမှာလည်း သူပဟေဋ္ဌိဖြစ်သွားရသည်။ဤကောင်မလေးဟာ အသက်ကြီးလာသည်နှင့်အမျှ ပိုပိုပြီးပျင်းရိလာတာဖြစ်သည်။ သူမက မြင်သည့်လူမှန်သမျှကို အမြဲတမ်းလျစ်လျူရှုခဲ့သည်သာ။ သည်နေ့မှ ဘာကြောင့် သည်လောက်တုံ့ပြန်နေရပါသနည်း။

" မြောင်.... "

ကျောကုန်း၌ အနက်နှင့်အဝါစပ်ကာအဖြူရောင်၀မ်းဗိုက်သားရှိသော ကြောင်ဝတုတ်ကြီးကလုချုံအား အသံတိုးတိုးဖြင့် အော်သံပြုကာ တောင်းပန်သကဲ့သို့ လုချုံခြေသလုံးကိုသူမ၏အမွှေးထူထူခေါင်းဖြင့် ပွတ်သပ်လာသည်။

ကြီးမားသောအမြီးဟာ လုချုံ ၏ခြေရင်းတစ်ဝိုက်တွင် လှုပ်ခါယမ်းနေ၏။သူမ သည်လိုပွတ်သီးပွတ်သပ်လုပ်တာမျိုးကို လုချုံမတွေ့ရတာကြာလှပြီပင်။ သူက မျက်နှာထားကို တည်တည်ထားနေရသော်လည်း မနေနိုင်စွာဖြင့် အလိုလိုက်စွာ ကြောင်၏ ကျောကို ပွတ်သပ်ပေးလိုက်သည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now