Part.1

4.3K 53 0
                                    

Unicode

ဧည့်ခန်းထဲကနံရံမှာချိတ်ထားတဲ့နာရီကိုလှမ်းကြည့်တော့ညဆယ့်တစ်နာရီထိုးနေပြီပင်။

မိုးသားအိမ်ပေါက်ဝကိုလှမ်းကြည့်လိုက်နာရီကိုကြည့်လိုက်နဲ့လူကဂနာမငြိမ်ဖြစ်နေရသည်။

''ကိုကိုကလည်းခုထိပြန်မလာသေးဘူး မိုးအရမ်းချုပ်နေပြီ''

ထိုစဥ်အိမ်ရှေ့ပေါ်တီကိုအောက်သို့ကားတစ်စီးထိုးရပ်လာပြီးကားပေါ်ကနေသူမရဲ့ချစ်လှစွာသောကိုကိုကဆင်းလာတာကြောင့်မိုးသားကိုကို့ထံအပြေးလေးသွားကာ

''ကိုကိုပြန်လာပြီလား''

ကိုကိုကသူမကိုမျက်လုံးစိမ်းကြီးတွေနဲ့တစ်ချက်ကြည့်ပြီးဘာမှမပြောပဲအိမ်ထဲဝင်သွားလေ၏။

မိုးသားကိုကို့နောက်ကနေကပ်လိုက်ရင်း

''ကိုကိုထမင်းစားတော့မလားဟင် မိုးသားထမင်းပွဲပြင်ပေးမယ်''

''......''

''ကိုကို''

''တောက်!''

ကိုကိုကတောက်ခေါက်ကာမိုးသားကိုလှည့်ကြည့်လာပြီး

''ငါနားညီးလာပြီနော် ငါဒေါသမထွက်ခင်ပါးစပ်ပိတ်ထားလိုက်''

ကိုကို့စကားကြောင့်မိုးသားမျက်ရည်လေးတွေဝဲသွားတော့ကိုကိုကမေးကြောတွေထောင်လာသည်ထိအံကိုတင်းတင်းကြိတ်ကာမိုးသားအားလက်ညှိုးထိုး၍

''ကျက်သရေမရှိငါ့ရှေ့မှာမျက်ရည်လာကျပြဖို့မစဥ်းစားနဲ့ မျက်ရည်လေးစမ်းတမ်းစမ်းတမ်းလုပ်ပြလို့လည်းမင်းကိုသနားလာမယ်မထင်နဲ့ မင်းကိုပိုပြီးတောင်အမြင်ကပ်တယ် မာယာများတဲ့မိန်းမ''

ပြောပြီးကိုကိုကအိမ်ပေါ်တက်သွားလေ၏။
မိုးသားကိုကို့ကျောပြင်ကိုလိုက်ကြည့်ရင်းမျက်ရည်တွေစီးကျလာရသည်။

မိုးသားနဲ့ကိုကိုကမနေ့ကမှလက်ထပ်ထားတဲ့ပူပူနွေးနွေးဇနီးမောင်နှံတွေ။သို့သော်မိုးသားအပေါ်မှာတော့ကိုကိုရဲ့ဆက်ဆံရေးကအေးစက်နေခဲ့၏။

ကိုယ့်ခယ်မဖြစ်လာမယ်လို့ထင်ထားတဲ့သူကကိုယ့်ဇနီးဖြစ်လာတဲ့အတွက်ကိုကိုလက်မခံနိုင်တာအဆန်းတော့မဟုတ်။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now