Final Part

3K 64 4
                                    

Unicode

ပျောက်သောသူရှာရင်တွေ့ဆိုပေမယ့်တမင်ရှောင်ပြေးနေသူအတွက်ကတော့ဘယ်လိုများရုပ်လုံးထွက်ပြပါ့မလဲ။

အခုဆိုမိုးသားထွက်သွားတာတစ်လမှနှစ် နှစ်လမှသုံးလဆိုတဲ့အချိန်ကာလတစ်ခုကိုရောက်နေပြီပင်။

သူမကိုလိုက်ရှာနေသာတွေအဖို့မှာတော့အချိန်ကြာလေရင်ပူရလေပါပဲ။
တစ်ခါတစ်လေတွေးမိတယ်။

မိုးသားတစ်​ယောက်အသက်ရှင်လျက်မှရှိနေသေးရဲ့လားလို့။

မြန်မာတစ်နိုင်ငံလုံးနီးပါးလိုက်ရှာနေပေမယ့်သူမသတင်းကိုအစအနပင်မကြားရ။

''​အရှောင်ကောင်းလိုက်တာမိုးသားရယ်''

ဧည့်ခန်းထဲချိတ်ဆွဲထားတဲ့သူမဓာတ်ပုံကိုကြည့်ပြီးတိမ်ယံတီးတိုးရေရွတ်မိ၏။
အချစ်ကြီးလို့အမျက်ကြီးသွားလေသလားလို့သူမိုးသားနဲ့မျက်နှာချင်းဆိုင်ပြီးမေးလိုက်ချင်သည်။

''တိမ်ယံ''

သူလှည့်မကြည့်မိပါ။

သမုကသူ့နားလာရပ်၍မိုးသားဓာတ်ပုံကိုကြည့်ကာ

''နင့်စိတ်ထင် မိုးသားကငါတို့ကိုစောင့်နေမယ်လို့ထင်လား''

''သမု ငါဘာလို့ဒီလောက်ထိညံ့နေရတာလဲ မိန်းကလေးတစ်ယောက်ကိုတွေ့အောင်မရှာနိုင်တဲ့အထိ ငါကအရမ်းညံ့ဖျင်းလွန်းနေပြီ''

''အဲဒါကတော့ငါတို့အားလုံးအတူတူပါပဲတိမ်ယံ သူကတမင်တိမ်းရှောင်နေတာကိုး အဲတော့ငါတို့မတွေ့နိုင်တဲ့နေရာမှာပဲပုန်းနေမှာပေါ့''

တစ်ဖက်မှာတော့မိုးသားမှာအတော်လေးကျန်းမာရေးချို့ယွင်းနေပြီဖြစ်သည်။
တွယ်တာလည်းမကြာခင်ကမှအကြောင်းစုံသိရ၍အတော်လေးစိတ်မကောင်းဖြစ်ရ၏။

''အဟွတ် အဟွတ်''

ပါးစပ်ကိုလက်ကိုင်ပုဝါနဲ့အုပ်ကာချောင်းဆိုးနေသောသူမနားသို့တွယ်တာအမြန်သွားလိုက်ပြီး

''ရရဲ့လားမိုးသား''

မိုးသားပုဝါကိုဖယ်လိုက်ချိန်မှာသွေးစတွေကပုဝါမှာစွန်းထင်းလာလေ၏။

You've reached the end of published parts.

⏰ Last updated: Mar 28 ⏰

Add this story to your Library to get notified about new parts!

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now