Part.11

1.5K 39 0
                                    

Unicode

''မမ ငါနင့်ကိုအကူအညီတောင်းစရာရှိတယ်''

''ဘာများတုန်း''

''နင့်ဆိုင်မှာမိုးသားကိုအလုပ်တစ်နေရာလောက်ပေးပေးစမ်းပါ''

''ဘယ်ရမှာလဲ ငါ့ဆိုင်မှာအလုပ်သမားငါးယောက်တောင်ရှိတယ် လုပ်အားခနဲ့တင်ငါရသမျှကုန်​တော့မှာပေါ့''

''နင်ကလည်းဟာ တစ်​ယောက်စာလေးကို ငါကသူ့ကိုတစ်ခြားနေရာမှာလည်းမလုပ်စေချင်လို့ သူ့ကိုပင်ပင်ပန်းပန်းတွေလည်းမလုပ်စေချင်ဘူး တစ်ခြားသူတွေကနိုင့်ထက်စီးနင်းလုပ်မှာလည်းငါမလိုချင်ဘူး ငါစိတ်မချဘူး''

''ငါလည်းတစ်ကယ်မရလို့ပါဟယ်''

''အဲဒါဆိုလည်းသူ့လစာကိုငါပေးမယ်ဟာ နင်သူ့ကိုခေါ်ထားပေး''

''သတိုး အဲ့ကောင်မလေးကအခုအိမ်ထောင်သည်ဖြစ်နေပြီနော် နင်အခုထိသူ့အပေါ်စိတ်မဖြတ်နိုင်သေးဘူးလား''

''နင်ဘာနားလည်လို့လဲ ငါသူ့ကိုချစ်တာပေါ့ပေါ့တန်တန်မဟုတ်ဘူး ငါသူ့ကိုတစ်ကယ်အလေးအနက်ထားပြီးချစ်တာ ဒါပေမယ့်ငါအခုလုပ်နေတာတွေကသူ့ကိုပိုင်ဆိုင်ရဖို့ကြိုးစားနေတာမဟုတ်ဘူး သူ့ဘဝလေးအဆင်ပြေစေချင်လို့ အေးချမ်းစေချင်လို့ သူစိတ်ချမ်းသာနေတာကိုမြင်ချင်ရုံသပ်သပ်ပဲ''

ပန်းစည်းစည်းနေတဲ့မိုးသားကိုကြည့်ကာနွေဦးမေနားထဲပြန်ကြားယောင်လာသောစကားတွေဖြစ်သည်။

ဒီငဆိုးကောင်လေးကမိဘတောင်မနိုင်လောက်အောင်သူဖြစ်ချင်တာကိုဇွတ်တရွတ်လုပ်ကာဆိုးတတ်တယ်ဆိုပေမယ့်တစ်ကယ်ကိုအချစ်ကြီးတဲ့သူ။

မိုးသားအတွက်သာဆိုသူကအရာအားလုံးပေးဆပ်ချင်တဲ့ထိချစ်ရှာနာ။
ဒီကောင်လေးရဲ့အချစ်ကတစ်ကယ်ကိုစံထားရလောက်တာပင်။

ထိုစဥ်

''hi''

''ဟော သဲ ဘယ်တွေပျောက်နေတာလဲ လာ''

သဲကနွေဦးဘေးမှာဝင်ထိုင်ပြီး

''ငါအလုပ်တွေရှုပ်နေလို့ဟ နင်ကရောငါ့မေမေမွေးနေ့ကိုဘာလို့မလာတာလဲ''

''ငါလည်းနင်နဲ့တူတူပဲပေါ့''

သဲကမိုးသားကိုလှမ်းကြည့်ကာ

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]حيث تعيش القصص. اكتشف الآن