Part.13

1.4K 35 0
                                    


Unicode

သူတို့အမေတွေပြန်သွားတော့တိမ်ယံအပေါ်ထပ်ကိုတက်လာခဲ့ပြီးမိုးသားရဲ့အခန်းထဲဝင်ခဲ့လိုက်၏။

''မိုးသားချို''

သူမကသူ့ကိုကျောပေးကာအိပ်နေပြီးဘာမှပြန်မထူး။

''မိုးသားချို''

သူထပ်မံခေါ်ပြီးကုတင်ပေါ်တက်ကာသူမအားကြည့်လိုက်တော့သူမကဖြူလျော့နေတဲ့မျက်နှာနဲ့အိပ်ပျော်နေတာပင်။

တိမ်ယံသူမနဖူးကိုစမ်းကြည့်တော့အဖျားလ​ည်းရှိနေတာကြောင့်ကုတင်ပေါ်ကပြန်ဆင်းကာသူမအားရေဝတ်တင်ပေးဖို့ပြင်ဆင်ရန်သူမအခန်းထဲကပြန်ထွက်ခဲ့လိုက်၏။

သူဇလုံတစ်လုံးထဲသို့ရေခဲရေထည့်ကာသူမအခန်းထဲပြန်ရောက်လာသည့်တိုင် သူမကခုနကအတိုင်းပုံစံမပျက်အိပ်ပျော်နေတုန်း။

သူမိုးသားပုခုံးလေးအားအသာဆွဲလှည့်ကာပက်လက်အနေအထားသို့ပြောင်းလိုက်ပြီးသူမနဖူးထက်ကဆံနွယ်တွေအားအသာအယာဖယ်ပေး၍သူမမျက်နှာအနှံ့သို့ရေဝတ်နဲ့ခပ်ဖွဖွသုတ်ပေးပြီးနဖူးပေါ်သို့ရေခဲဝတ်တင်ပေးထားလိုက်သည်။

သူမိုးသားလက်ကလေးကိုကိုင်လိုက်ပြီးသူမလက်ဖဝါးကိုကြည့်လိုက်တော့ဟိုတစ်ခါပုလင်းကွဲရှတဲ့ဒဏ်ရာကအမာရွတ်လေးထင်ကျန်နေတုန်းပင်။

''တစ်ကယ်တမ်းတော့ ကိုကိုကမင်းနဲ့ပတ်သက်ရင်ဒုတိယလူဖြစ်နေတာပါမိုးသားရယ် မင်းဆီမှာဖြစ်နေတဲ့ဒုက္ခတွေရောသုခတွေရောကိုကိုကိုကနောက်ဆုံးမှသိရတဲ့သူ အဲလိုဖြစ်နေတာလည်းကိုယ်ကိုယ်တိုင်ကြောင့်ပဲဆိုတာကိုကိုသိပါတယ်''

သူမိုးသားမျက်နှာလေးအားစိုက်ကြည့်ပြီးသူမပါးလေးအားမြတ်နိုးစွာနမ်းနေတုန်းသူမပိုက်ဆံအိတ်ထဲကဖုန်းလေးကမြည်လာတာကြောင့်သူဖုန်းကိုထုတ်ကာကြည့်လိုက်တော့သတိုးဖြစ်နေ၍သူ့စိတ်တွေချက်ချင်းနောက်ကျိသွားရ၏။

သူဖုန်းကိုင်လိုက်တာနဲ့သတိုးက

''မိုးသား နင်သက်သာလား ဘယ်လိုနေသေးလဲ ဆေးရောသောက်ပြီးပြီလား အစားရောစားပြီးပြီလား''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now