Part.14

1.4K 33 0
                                    


Unicode

ဆရာဝန်ရဲ့စကားကသတိုးနားထဲဗုံးတစ်လုံးပေါက်ကွဲသွားသလိုပင်။

''မ မဖြစ်နိုင်တာဆရာရယ် ဒါလုံးဝမဖြစ်နိုင်ပါဘူး တစ်ခုခုမှားတာနေမှာပါ''

''ဒါအမှန်တရားပဲကောင်လေးရဲ့ အချိန်မီမကုသဘူးဆိုရင်...''

ဆရာဝန်ကစကားကိုထိုနေရာမှာရပ်လိုက်ပြီးမှ

''ကဲပါ အခုလောလောဆယ်မိုးသားချိုကိုဆရာနဲ့ဆွေးနွေးဖို့ခေါ်ခဲ့ပါ အဲကျမှဘယ်လိုကုသင့်တယ်ဆိုတာအသေးစိတ်ပြန်စစ်ဆေးကြတာပေါ့''

ဆရာဝန်ရဲ့စကားကသူ့နားထဲကြားတစ်ချက်မကြားတစ်ချက်ရယ်။

မိုးသားသာတစ်ခုခုဖြစ်သွားရင်သူရင်ကွဲမတတ်ခံစားရမှာ။
သူမိုးသားအားဘာမှဖြစ်ခွင့်မပေးနိုင်ဘူး။

_____________

ဆေးစစ်ချက်စာရွက်နဲ့သတိုးရဲ့စကားတွေကြား မိုးသားအသက်မဲ့သွားသလိုပင်။
သူမနေမကောင်းတာသာမာန်ပဲလို့ထင်ခဲ့မိတာ။

အခုတော့သွေးကင်ဆာတဲ့လား။ကံတရားကသူမအပေါ်ခုလောက်ရက်စက်မှဖြစ်မှာလား။

''အဟင့်''

သူမမျက်ရည်တွေကဆေးစစ်ချက်စာရွက်ပေါ်တပေါက်ပေါက်ခုန်ဆင်းကုန်၏။

သတိုးသူမပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်၍

''မငိုနဲ့လေမိုးသားရဲ့ နင်ဘာမှမဖြစ်စေရဘူးသိလား ငါနင့်ကိုကယ်မှာ ငါနင့်ကိုဒီရောဂါကြီးပျောက်သွားအောင်ကုပေးမှာ ငါ့မှာရှိသမျှစည်းစိမ်တွေကုန်ရင်ကုန်ပါစေဟာ ငါနင့်ကိုရအောင်ကယ်မှာ နင်မငိုရဘူးနော်''

သူမကိုမငိုဖို့နှစ်သိမ့်နေပေမယ့်သူကိုယ်တိုင်ကတော့မျက်ရည်တွေနဲ့။
ယောကျ်ားတွေကမိန်းမနှစ်ဦးအတွက်ပဲမျက်ရည်ကျကြတယ်တဲ့။
တစ်ယောက်ကသူ့အမေ တစ်ယောက်ကသူချစ်တဲ့မိန်းကလေး။
အခုသူမိုးသားအတွက်မျက်ရည်ကျနေပြီမဟုတ်ပါလား။

''သတိုး ငါ ငါ​ေ.သရတော့မှာလားဟင် ငါကြောက်တယ် အဟင့် အီးဟီး''

သတိုးသူမအားဖက်ထားလိုက်ပြီး

''ဘာလို့​​ေ.သရမှာလဲဟ ငါနင့်ကိုကယ်မှာပါလို့ပြောပြီးပြီလေ ငါကနင့်ကိုဒီအတိုင်းလက်လွှတ်ခံမယ်ထင်လို့လား နင်ဘာမှမဖြစ်စေရဘူး ငါ့အသက်နဲ့အာမခံတယ်''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now