Part.9

1.5K 37 2
                                    

Unicode

တိမ်ယံအိပ်ရာကနိုးလာတော့အချိန်ကညနေငါးနာရီသာရှိသေးသည်။
သူ့ဘေးဆီအကြည့်ရောက်သွားတော့မိုးသားကစောင်ကိုရင်ဘတ်ထိခြုံထားပြီးသူ့အားကျောပေးကာအိပ်နေလေ၏။

သူမနဲ့ဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးကြည့်မိတော့သူမျက်လုံးတွေကိုမှိတ်ချလိုက်ပြီး

''ငါဘာလို့ခုလိုလုပ်မိတာလဲ''

ဟုကိုယ့်ကိုယ်ကိုမေးခွန်းပြန်ထုတ်မိလေသည်။

''ဟူးးး''

သူကိုယ်ပေါ်ကစောင်ကိုဖယ်ကာကုတင်ပေါ်ကဆင်း၍အဝတ်အစားတွေပြန်ကောက်ဝတ်နေတုန်း နောက်ပါးဆီမှ

''ကိုကို''

သူနောက်ကိုလှည့်ကြည့်လိုက်တော့မိုးသားကသူ့အားမျက်နှာငယ်လေးနဲ့ကြည့်နေတာမို့သူအကြည့်လွှဲလိုက်ပြီး

''ငါတို့ဖြစ်ခဲ့တဲ့ကိစ္စကို မရှိခဲ့ဘူးပဲမှတ်လိုက်''

''ဟမ် ကိုကိုဘာပြောလိုက်တာလဲ''

''ငါတို့ဘာမှမဖြစ်ခဲ့သလိုပဲမှတ်လိုက်လို့''

ပထမတစ်ခါပြောတာကိုနားကြားမှားတယ်ထင်ခဲ့မိတာ။
တစ်ကယ်ကမဟုတ်ဘူးပဲ။

''ကိုကိုဒီစကားကိုဘယ်လိုများပြောထွက်ရက်တာလဲ''

မိုးသားတစ်ကယ်ပဲမယုံနိုင်ဖြစ်ရသည်။ကိုကိိုသူမကိုဒီလောက်ထိပစ်ပစ်ခါခါဆက်ဆံဖို့မသင့်ပါဘူး။

''အပိုတွေပြောမနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းဘက်ကလည်းဘာမှမျှော်လင့်မနေနဲ့ မင်းဆေးလည်းကြိုသောက်ထား မလိုလားအပ်တဲ့ပြဿနာတွေငါ့ဆီသယ်မလာနဲ့''

ကိုကိုကသူပြောချင်တာပြောပြီးတာနဲ့အခန်းထဲကထွက်သွားလေ၏။

မိုးသားရင်ထဲဝမ်းနည်းစိတ်တွေလှိုက်တက်လာပေမယ့်မငိုမိအောင်အတတ်နိုင်ဆုံးထိန်းထားနိုင်ခဲ့သည်။
သူမထပ်ပြီးမငိုချင်တော့ဘူးလေ။ငိုလို့လည်းမတတ်တော့ဘူး။

နောက်ဆိုသူမ,ဝမ်းနည်းတတ်တော့မှာတောင်မဟုတ်လောက်တော့ဘူး။

____________

နေရဲတစ်ယောက်အိမ်သို့မူးရူးကာပြန်ရောက်လာလေ၏။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now