Part.12

1.3K 29 0
                                    


Unicode

''ငါတော့မိုးသားချိုကိုကြည့်မရတော့ဘူး''

''ငါရောပဲ ဘာအလုပ်မှလည်းမလုပ်ရပဲနဲ့ရတဲ့လစာကိုကြည့်ဦး''

''အေးလေ အစ်မကမျက်နှာကိုလိုက်တယ်''

ဝန်ထမ်းတွေအချင်းချင်းထမင်းစားရင်းပြောနေတာကိုနွေဦးမေပီပီသသကြားလိုက်ရ၏။

ပြီးတော့သူမနောက်ကမလှမ်းမကမ်းမှာရပ်နေသောမိုးသားလည်းကြားလိုက်သည်။
ဒါပေမယ့်နွေဦးမေကမိုးသားရောက်နေတာမသိပဲသူ့အလုပ်သမားတွေကိုဆူဖို့သာမဲတင်းကာ

''ဟဲ့ နင်တိို့ကဘာကိစ္စကိုယ့်အလုပ်ရှင်အကြောင်းအတင်းတုပ်နေတာလဲ''

''အစ်မ''

''နင်တို့အကုန်အလုပ်ဖြုတ်ခံရချင်လို့လား ငါ့ဘာသာဘယ်လိုလူကိုခန့်ခန့် လစာဘယ်လောက်ပေးပေးနင်တို့အလုပ်လား''

ထိုအခါခုနကအတင်းတုပ်နေတဲ့သုံး​​ယောက်ထဲကတစ်ယောက်က

''ညီမတို့အလုပ်မဟုတ်ပေမယ့်မတရားသလိုခံစားရတယ်လေ ညီမတို့ပင်ပင်ပန်းပန်းလုပ်တဲ့သူနဲ့ဘာမှမလုပ်ရတဲ့သူကလစာတန်းတူရနေတာကို''

''နင်တို့တွေကဘာသိလို့လဲဟမ် သူ့လစာကငါပေးနေတာမဟုတ်ဘူး ငါ့မောင်ပေးနေတာ သူ့ကိုတစ်ခြားမှာမလုပ်စေချင်လို့မလှိမ့်တပတ်နဲ့ငါ့ဆီပို့ထားတာ ရှင်းပြီလား''

''မမအခုဘာပြောလိုက်တာ''

နွေဦးမေ အသံလာရာကိုလှည့်ကြည့်လိုက်တော့မိုးသားကမယုံနိုင်တဲ့မျက်ဝန်းတွေနဲ့သူမကိုကြည့်နေတာကြောင့်နွေဦးမေမှာပြာတောက်သွားရတော့သည်။

''မိုးသားကိုလစာပေးနေတာ သတိုးလား''

''မိုးသား အဲဒါကလေ''

မိုးသားကဘာမှမပြောတော့ပဲနေရာမှလှည့်ထွက်ကာပိုက်ဆံအိတ်ကိုယူ၍ဆိုင်ထဲကနေထွက်သွားတာကြောင့်နွေဦးမေမှာမိုးသားနောက်ကကပြာကယာပြေးလိုက်ရပြန်၏။

''မိုးသား နေပါဦးမိုးသားရယ် မမပြောတာနားထောင်ဦး''

''တော်ပါပြီမမ မိုးသားကသူများအထောက်အပံ့နဲ့အသက်ရှင်ချင်တာမဟုတ်ဘူး''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now